"လက်ကို ဘောင်းဘီအိတ်ထဲအကုန်မထည့်နဲ့"
အစ်မသည် camera ထံမှ ခွါ၍ model အား လှမ်းပြောသည်။ Jennie မလှမ်းမကမ်း၌ရပ်၍ ကြည့်လိုက်သည့်အခါ model မင်းသမီးငယ်သည် အစ်မ ဘာကိုဆိုလိုလဲ သိသည့်တိုင် တလွဲလုပ်နေသည်။
"လက်မ ပဲ ထည့်လိုက်။ တို့ပြောတာ သဘောပေါက်တယ်မလား"
အစ်မသည် အခြားသူများနှင့်ဆို သူ့ကိုယ်သူ 'တို့' ဟုသုံးတတ်လေ့ရှိသည်။ မင်းသမီးက အစ်မ၏စကားကိုနားမထောင်သေး။
"ဘယ်လိုလဲ Unnie .. ညီမကို လာလုပ်ပေးပါလား pose ကို"
Jennie လက်ပိုက်နေရာမှ ခါးထောက်မိသွားသည်။ အစ်မသည် camera အနောက်မှ ထွက်လာဖို့ပြင်နေသည်။
"ကျွန်မလုပ်ပေးလိုက်မယ် Jisoo shii"
Model မင်းသမီးအနားသို့ အမြန်တိုးသွားလိုက်သည်။
"ဒီလက်တွေထဲက"
မင်းသမီး၏ လက်ဖဝါးအား ဆွဲယူ၍ သူ့မျက်နှာရှေ့ထောင်ပြလိုက်သည်။
"ဒီလက်မတစ်ခုကိုပဲ"
သူ့လက်မအား အသာဆွဲယူ၍ ဘောင်းဘီအိတ်ထဲထိုးထည့်ပေးကာ ပြောလိုက်သည်။
"ဒီလိုထည့်ခိုင်းတာပါ"
မင်းသမီးသည် အနည်းငယ် ကြောင်အနေသည်။ Jennie သူ့ကို စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် လက်ကို သူ့အင်္ကျီကော်လံစဆီရွေ့လျား၍
"Shooting မြန်မြန်ပြီးအောင် ပူးပေါင်းပေးပါ မင်းသမီး။ ကျွန်မတို့ နေ့လည်စာမစားရသေးလို့ပါ"
အင်္ကျီစကို ဖြတ်ခနဲပုတ်ချပြီးပြောလိုက်ပြီးမှ Jennie ဘေးနားသို့ထွက်၍ ပြန်ရပ်နေလိုက်သည်။
"ရိုက်လို့ရပြီလေ"
သူမကို ငေးနေသည့် အစ်မကိုအော်ပြောတော့ အစ်မက မျက်ခုံးများပင့်၍ ပြုံးလိုက်သေးသည်။
ဒီအစ်မနဲ့တော့ သိပ်ခက်တာပဲ။ ဒီအစ်မကိုပဲ သဝန်တွေလိုက်တိုနေရတယ်။ Daniel လဲ Daniel မို့လို့။ Jongsuk ဆိုလဲ Jongsuk မို့လို့။ သူမနဲ့အစ်မ အပြင်မှာ သိပ်ရင်းနှီးနေတာ အလုပ်ကလူတွေ အခုထိမသိသေး။ အစ်မက ပေးမသိသေးတာဆိုပိုမှန်မည်။ Jennie ရဲ့သဘောတူညီမှုကိုမစောင့်ပဲ အစ်မဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုပေါ့။ အလုပ်မှာ မသိသလိုပဲဆက်နေကြမယ် တဲ့။
YOU ARE READING
ချည်တိုင်
Fanfictionချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...