8

5.9K 707 8
                                    

အိမ်သို့ပြန်ရောက်သည့်အခါ ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်၍ ထိုင်နေမိတာ အတော်ပင်ကြာသည်။ အစ်မနှုတ်ခမ်းများ သိပ်လှသည်ကိုသိပါသည်။ သို့သော် ဤမျှထိ နမ်းလို့ကောင်းမည်ဟုမထင်ခဲ့မိ။ ဘာလို့ သွားနမ်းလိုက်မိသည်လဲ စဉ်းစားသည့်အခါ Jennie အတွေးများရှုပ်သွားသည်။

ဖုန်းကိုထုတ်ပြီး google သို့ပြေးရသည်။

"Love between women"

ဆောင်းပါးများစွာ ဓာတ်ပုံများစွာကျလာသည်။ Jennie လိုက်ကြည့်ရင်း လက်သည်းကိုက်မိသည်။ ရင်များတုန်နေသည်။ ချွေးများပျံလာသည်။ ဖုန်းကိုပိတ်ကာ ကုတင်ခေါင်းရင်းသို့ပစ်တင်ပြီး ရေချိုးရန်ပြင်ရတော့သည်။ ညစာစားဖို့ ဆင်းသည့်အခါ ဒယ်ဒီပါအတူစားမည်ကိုသတိရသွား၍ အောက်ခံအင်္ကျီပြေးဝတ်ရပြန်သည်။ စိတ်နဲ့ကိုယ်နဲ့မကပ်။

"အဆင်ပြေတယ်မလား"

"ပြေတယ် ဒယ်ဒီ"

ရုတ်တရက်ပင် မျက်လုံးနားတွင် မှဲ့တစ်ခုရှိသည့်အမျိုးသားအကြောင်း သူမ သိချင်လာမိသည်။

"Lee Jong Suk က အလုပ်လုပ်တာကြာပြီလား ဒယ်ဒီ"

Jennie သည် အလုပ်မှအကြောင်းများပြောနေချင်ပြီဟု ဒယ်ဒီထင်သွားပုံပေါ်သည်။ ခပ်ပြုံးပြုံးဖြစ်သွားသည်။ ထမင်းလုပ်ကို အမြန်မျိုချပြီး Jennie အား ပြောသည်။

"၂နှစ်လောက်ပဲရှိဦးမယ်။ အရည်အချင်းရော ကြိုးစားမှုရော ပြောစရာမလိုလို့ ဒယ်ဒီသူ့ကိုအဲ့နေရာပေးထားတာ။ ကောင်လေးက မပွေမရှုပ်ဘူး အတော်တော်တယ်"

Jennie ခေါင်းလဲငြိမ့်မပြမိ။ အဲ့ အတော်တော်တဲ့ကောင်လေးက အစ်မကိုစိတ်ဝင်စားနေတာ သိသာတယ်မလား။ ဘေးက လူတွေကလည်း အရောက်ပို့နေပုံပဲ။ ထမင်းကို ခပ်သွက်သွက်စားပြီးနောက် Jennie အပေါ်ထပ်သို့ အမြန်တက်လာပြီး အစ်မထံ ဖုန်းခေါ်လိုက်သည်။ အစ်မသည် တော်ရုံနှင့်ဖုန်းမကိုင်။ သူမကို စိတ်ဆိုးသွားတာများလားဟုတွေးမိတော့ နေရခက်သွားပါသည်။ ညနေက အစ်မက သူ့ဆိုင်ကိုသွားကြဖို့ပြောနေတုန်းမှာပဲ Jennie သူ့ကိုနမ်းလိုက်သည်မို့ အမြန်ပင် အိမ်သို့ပြန်ဖြစ်ခဲ့ကြသည်လေ။

ချည်တိုင်Où les histoires vivent. Découvrez maintenant