"Brand ပေါင်းစုံက chairman တွေရှိနေမှာ Ruby သမီးကို ပွဲထုတ်ပေးခဲ့ဖူးပေမယ့် သမီးက လူရှေ့သူရှေ့ သိပ်မှမရှိပဲ။ SNS မှာလဲ ပုံများများတင်စမ်းပါ"
ဒယ်ဒီက Jennie ကားကိုမောင်းရင်းကနေ ပေါက်ပေါက်ဖောက်တယ်။ စကားအများကြီးမပြောဖြစ်တုန်းက ဒယ်ဒီအဲ့လောက် ပေါက်ပေါက်ဖောက်တတ်မှန်းမသိခဲ့။
"ဒီနေ့ အစ်မမွေးနေ့ ဒယ်ဒီရဲ့"
"အဲ့ဒါငါနဲ့ဘာဆိုင်တုန်း သူကငါနဲ့ကြိုက်နေတာမှမဟုတ်ပဲ"
"ဒယ်ဒီ!!!"
Jennie အော်တော့ ဒယ်ဒီက သူ့ရဲ့ ခပ်ပိန်ပိန်ပါးတွေ မို့တက်သွားအောင်အထိ ရယ်တယ်။ အစ်မမွေးနေ့ကိုမေ့နေခဲ့တာမဟုတ်ဘူး။ ဒီနေ့မှာ အစ်မနဲ့အတူအလုပ်ကိုမသွားရပေမယ့် နှစ်သစ်ကူးညမှာအတူရှိရရင်ပြီးရောဆိုပြီး ဒယ်ဒီနဲ့လိုက်ဖို့သဘောတူခဲ့တာ။
"လက်ဆောင်ပေးရမပေါ့ကွာ ငါ့ချွေးမကို"
ဒယ်ဒီက ခပ်ဆဆရွတ်နေတယ်။ Jennie သိပ်ပျော်တယ်။ ဒယ်ဒီတစ်ယောက်ကပဲ ဘဝမှာ Jennie အတွက် အားကိုးစရာတံတိုင်းကြီးတစ်ခုလိုကျန်ခဲ့တာလေ။ မိခင်တွေကသာ သမီးတွေနဲ့ပိုနီးစပ်တာမို့ ဒယ်ဒီက သူတတ်နိုင်သလောက်တော့ Jennie ကို အဆင်ပြေစေချင်နေတဲ့ပုံပဲ။
"သမီးဘာပေးရမလဲမသိဘူးဒယ်ဒီ"
"ငါလဲမသိဘူးဟေ့။ နင့်ရည်းစားအကြိုက် နင်ပဲသိမှာပေါ့။ ရောက်ပြီရောက်ပြီ ဆင်းတော့။ နင့်ဂါဝန်စကြီးကို တဆွဲဆွဲမလုပ်နဲ့ အဲ့အစကိုဖြုတ်ခဲ့"
"ဘယ်သူကပဲ အဲ့အစကြီးကိုထည့်ခိုင်းတာလဲ!!"
ကားပေါ်ကမဆင်းခင် အော်ဟစ်နေတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီး Jnae နဲ့ သူ့ရဲ့ Little Jane.
ဟိုတယ်တစ်ခုရှေ့ကို ကားရပ်တော့ ဝန်ထမ်းတွေက တန်းစီရပ်ပြီးကြိုနေကြတယ်။ Jennie ကို သူတို့ သိပ်မမြင်ဖူးကြဘူး။ Uncle Jane ရဲ့ တစ်ဦးတည်းသောသမီးကို သူတို့သိပ်စပ်စုချင်နေကြတယ်လေ။
"ကြိုဆိုပါတယ် Uncle Jane"
"ဒီနေ့တော့ Little Jane ကိုပဲကြိုဆိုကြကွာ"
အနောက်တိုင်းဝတ်စုံရဲ့ကော်လံစကို ခပ်မိုက်မိုက်သပ်ချလိုက်ရင်း ဒယ်ဒီကပြောတယ်။ အန်တီကြီး သေချာထည့်ပေးလိုက်တဲ့ အပေါ်ဝတ်အင်္ကျီကို ပုခုံးပေါ်ဖြန့်တင်ရင်း Jennie ကားပေါ်ကဆင်းလိုက်တယ်။ ဂါဝန်ရှည်ရဲ့အနောက်က အပိုစကို ကားပေါ်ထားခဲ့တယ်။ ဒယ်ဒီမပြောလဲ သူမ ထားခဲ့မလို့ပါပဲ။ မဟုတ်ရင် ခလုတ်တိုက်လဲမှာ။ သတင်းသမားတွေလဲလာမယ်ဆိုလို့ ဘာဖြစ်ဖြစ် ဒီပွဲကပုံတွေ အစ်မပြန်တွေ့မှာပဲလေ။ အစ်မပြန်ကြည့်ရင် Jennie သိပ်လှနေမှဖြစ်မယ်။
YOU ARE READING
ချည်တိုင်
Fanfictionချည်တိုင်ဆိုတာကြားဖူးလား။ ကိုယ့်စိတ်တွေ တစ်နေရာရာမှာတွယ်မိတဲ့အခါ အဲ့နေရာကို ချည်တိုင်လို့ခေါ်တတ်ကြတယ်။ အစ်မအတွက်တော့ နေရာမဟုတ်ဘူး။ မင်းပေါ့ Jane; ချည်တိုင်လေးက မင်းဖြစ်နေတာပဲ။ 🧵 Jennie အတွက်တော့ စကားလှလှများအား လှပသည့်နှုတ်ခမ်းဖြင့် သီ၍ အပြုံးတို့...