Part 2

352 65 4
                                    

°Unicode°

Taeyong's POV

"Jeong Sungchan!! သွားစို့"

Sungchanတဲ့လား? ကျနော့်ရဲ့ သားလေးနာမည်က Sungchanတဲ့။ Jaehyunက ကျနော်တို့ ကတိပေးထားတဲ့အတိုင်း ဒီကလေးကို Sungchanလို့ နာမည်ပေးခဲ့တာပဲ..

"အဖေ... သားတို့လည်းသွားကြရအောင်လေ"

Markလာခေါ်တော့မှပဲ ကျနော်တွေးနေတာတွေအကုန်ရပ်ပြီး တကယ့်လက်တွေ့ကမ္ဘာထဲကိုပြန်ရောက်လာခဲ့တယ်။ ကျနော့်ရဲ့ လက်တွေ့ကမ္ဘာဆိုတာက... ကျနော် သူ့ဆီကနေ ထွက်လာခဲ့တဲ့အချိန်ကစခဲ့တာပဲ။ Markရဲ့ လက်ကိုဆွဲခဲ့ပြီး Canadaမှာ အခြေချခဲ့ရင်း ဒီလိုအခြေအနေထိအောင်မြင်အောင် ကျနော်ရုန်းကန်ခဲ့ရတာ။ ဒီလိုအခြေအနေမျိုးတွေကို သူဆိုတဲ့ ကျနော်ချစ်ခဲ့ရတဲ့လူနဲ့သူ့မိသားစုက နားလည်မှာလည်းမဟုတ်ပါဘူး။ အခုတော့ ဘာလိုသေးလဲ? ကျနော်ဟာ အောင်မြင်တဲ့ fashion designerဖြစ်နေပြီး ကျနော်ချစ်ရတဲ့ကျနော့်သားလေးMarkနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်နေတယ်

"Ahh...အဖေ သား ဆရာKunကို memory stickပေးရမှာ မေ့နေလို့ အခုသွားပေးလိုက်ဦးမယ်"

"huh? အင်းအင်း"

Markကိုစောင့်နေရင်း အရမ်းကိုညောင်းလာတာမို့ ထင်ရှူးပင်ကြီးအောက်မှာ ထိုင်လိုက်တယ်။ ဒီနေရာမှာပြန်ထိုင်လိုက်ရတော့ ကျနော့်ရဲ့ကျောင်းသားဘဝကိုပြန်အမှတ်ရသွားစေခဲ့တယ်။ မျက်စိကိုမှိတ်ပြီး လေကိုတစ်ချက်ရှူသွင်းလိုက်တယ်။ ကျနော့်ကျောင်းရဲ့အငွေ့အသက်ကို ရတာနဲ့အမျှ ကျနော့်ခေါင်းထဲမှာ သူကပဲနေရာယူနေခဲ့တာ။

Jaehyun..သူ့ကို ကျနော်အရမ်းချစ်ခဲ့ရတယ်။ ကျနော့်ကိုလည်း အရမ်းပြုစားလွန်းတယ်။ လူတကာကို အတိုက်အခံလုပ်ပြီး သူနဲ့ဘဝတစ်ခုစခဲ့တဲ့ အချိန်ကျမှ သူနဲ့သူ့မိသားစုက ကျနော့်ကိုပစ်ပယ်ခဲ့တယ်။ သူနဲ့သူတို့မိသားစုကို မုန်းတာထက်ကိုပိုတယ်။ ဒါပေမယ့် သူ့ကိုပြန်တွေ့လိုက်ရတဲ့အချိန်မှာတောင် ကျနော်ဟာမျက်နှာချင်းမဆိုင်နိုင်ခဲ့ဘူး။ သူ့ဆီက ထွက်သွားခဲ့တဲ့ကျနော့်ရဲ့ဆုံးဖြတ်ချက်တွေကို ကျနော်ကိုယ်တိုင်ကပဲ နောင်တရနေခဲ့တာလား

Puzzle PieceWhere stories live. Discover now