°Unicode°
Mark's POV
"ချ ချ ချ ချ"
တစ်ကျောင်းလုံးမှာ ရှိတဲ့ကျောင်းသားတွေအကုန်လုံးက ကျနော့်ရဲ့ရန်ပွဲကိုကြည့်ဖို့ရောက်နေကြသလားတောင် အောက်မေ့ရတယ်။ ကျနော်ဟာ ကျနော့်အဖေမျက်နှာငယ်မှာစိုးလို့ ငယ်ငယ်ကတည်းကိုက ဘာပြဿနာကိုမှ မဖန်တီးဘဲနဲ့ သားလိမ္မာတစ်ယောက်အနေနဲ့နေခဲ့တာ။ ဒါပေမယ့် Sungchanနဲ့ဆိုရင် ကျနော့်ရဲ့ဒေါသတွေဟာ ချုပ်တည်းလို့မရဘူး။ တစ်ယောက်ကို တစ်ယောက် ကော်လံတွေကို ဆွဲထားနေရလောက်တဲ့ထိ ရန်ဖြစ်နေရတဲ့အကြောင်းအရင်းကတော့ နှစ်ကုန်ပိုင်းမှာလုပ်မယ့် ကျောင်းကပွဲအတွက် သီချင်းရေးစပ်ရမယ့် beatလုနေကြတာပါ
ကျနော်တက်တဲ့ကျောင်းက SOPAလို့ခေါ်တဲ့ အနုပညာကျောင်း။ အသေးစိတ်ပြောရရင် ကျနော့်အဖေ Lee Taeyongတက်ခဲ့တဲ့ကျောင်းပေါ့။ ငယ်ငယ်လေးကတည်းကိုက Canadaမှာကြီးပြင်းခဲ့ရတာမို့ Koreaနဲ့ပတ်သက်ပြီး မနှစ်ကအထိ အတွေ့အကြုံနည်းနေတဲ့ကျနော့်အတွက် အဖေက သူ့သူငယ်ချင်းတွေ ကျောင်းဆရာဖြစ်နေတဲ့ကျောင်း၊ သူကိုယ်တိုင်တက်ခဲ့တဲ့ကျောင်းမှာ ကျနော့်ကို စိတ်ချလက်ချထားဖို့ရည်ရွယ်ပြီး ဒီမှာပဲ ကျောင်းတက်စေခဲ့တာ
"Mark! ဒါ ငါအရင်ယူထားတဲ့ beat! မင်းလိုချင်ရင် အစကတည်းကိုက ဆရာနဲ့ပြောထားပြီးယူလေ။ ဘာလို့အခုမှလာလုနေရတာလဲ? ငါရောက်လာတော့ မင်းအဆင့်တွေလျှောမှာကိုကြောက်နေတာလား hak"
ကျနော့်ကို ထောင့်မကျိုးသလိုစကားတွေလာပြောနေတာကတော့ Sungchan.. အခုကျနော်နဲ့ရန်ဖြစ်နေတဲ့လူပေါ့။ ကျနော်ဟာ Canadaမှာကြီးပြင်းခဲ့၊ အဲ့ဒီ့မှာပဲကျောင်းတက်ခဲ့တာ။ အနုပညာဘက်ကိုစိတ်အားထက်သန်နေတာမို့ Koreaကို ပြန်လာခဲ့ပြီး ကျနော့်ရဲ့ပညာတွေကိုဆည်းပူးဖို့ အဖေ့ရဲ့ကျောင်းမှာကျောင်းလာတက်တာဖြစ်တယ်။ Visaကိစ္စတွေရှုပ်ယှက်ခတ်နေတာကြောင့် ဒီကိုပြန်လာဖို့ 2နှစ်လောက်နှောင့်နှေးသွားရတယ်။ ဒါ့ကြောင့် ကျနော်ဟာ ဒီကကောင်တွေထက် 1နှစ်၊ 2နှစ်ကြီးတယ်။
အခုဒီSungchanဆိုတဲ့ကောင်က ကျောင်းဝင်တာမှမကြာသေးဘူး ကျနော့်ကို အရမ်းရန်လိုနေတယ်။ ပြဿနာကတော့ ကျောင်းစဖွင့်တုန်းက တစ်ယောက်နဲ့တစ်ယောက်တိုက်မိပြီး သူ့အင်္ကျီတွေပေါ်လည်း ကျနော့်ရဲ့ဖျော်ရည်တွေမှောက်ပြီး ကျနော်ကိုယ်တိုင်ကလည်း ခေါင်းပေါက်မလိုဖြစ်ခဲ့တယ်
အဲ့ဒီ့အချိန်ကစပြီးကျနော်တို့က တစ်ယောက်နဲ့တစ်ယောက်
အမြဲတကြည့်ကြည့်နဲ့နေခဲ့ကြပြီး ရန်ဆောင်နေခဲ့ကြတာ။
![](https://img.wattpad.com/cover/252520882-288-k879609.jpg)