•Unicode•
Mark's POV
"Sungchan! Sungchan!!!"
ကျောင်းအပေါက်ဝမှာ ကျနော့်ညီလေးကိုတွေ့လိုက်ရတာမလို့ ဝမ်းသာအားရခေါ်နေပေမယ့် သူက သူ့အတွေးနဲ့သူ လှည့်မကြည့်ဘူး။ သူ့ဘေးနားအထိသွားပြီး ပုခုံးကိုလှုပ်ခေါ်တော့မှသာ ကျနော့်ကိုလှည့်ကြည့်တယ်
"ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ?"
"ဟမ်? hyung...အင်း"
"Sungchan...မင်းအဆင်ပြေရဲ့လား?"
"Hyung.."
အားကိုးတကြီးနဲ့ ကျနော့်ကိုကြည့်နေတဲ့ Sungchanရဲ့မျက်လုံးထဲမှာ မျက်ရည်စတွေကိုမြင်လိုက်ရတာကြောင့် ကျနော်တုန်လှုပ်သွားတယ်။
"Sungchan!! ဘာဖြစ်လို့လဲ?"
"ကျနော်..ကျနော်ဘယ်လိုပဲတားတား အဖေက...အဖေကမစွန့်လွှတ်ဘူး hyung...အဲ့ဒီ့မိန်းမကိုသူယူကိုယူမှာ"
သူ့စကားကိုကြားတော့ ကျနော်ဘာမှပြန်မပြောနိုင်တော့ဘူး။ သူ့အဖေရဲ့လုပ်ရပ်တွေကြောင့် ကျနော့်အဖေအပြင် အခု ကျနော့်ညီလေးပါ ခံစားနေရပြီ...sungchanကသာ ဒီမိသားစုကိုပြန်ပေါင်းထုပ်စေချင်နေတာ ကျနော်ကတော့ ကျနော့်အဖေကို သူတို့ပေးခဲ့တဲ့ဒဏ်ရာတွေကိုစဉ်းစားမိတိုင်း ရင်နာတယ်
"ကျနော်ဘယ်လိုလုပ်ရတော့မလဲ hyung? ကျနော် hyungတို့ကိုပဲ မိသားစုအနေနဲ့ ခေါ်ချင်တာ။ ဟင့်အင်း!! အစကတည်းက ကျနော့်မိသားစုဆိုတာ hyungနဲ့ papa taeyongပဲလေ ဟုတ်တယ်မလား??hyung?!!?"
ကျနော်ပြန်မဖြေနိုင်ဘူး။ ပြန်မဖြေနိုင်ဘူးဆိုတာထက် အခုချိန်မှာ ကျနော့်ညီလေးအတွက် ဘယ်လိုအဖြေမျိုးကအကောင်းဆုံးဖြစ်မလဲဆိုတာကို ကျနော်မရွေးချယ်နိုင်တော့တာ။ ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ Sungchanအတွက် အကောင်းဆုံးနှစ်သိမ့်မှုမျိုးကိုကျနော်မပေးနိုင်လို့ စကားလမ်းကြောင်းလွှဲဖို့ပဲ တွေးလိုက်တယ်
"ဒီနေ့...Papaက မင်းကိုအိမ်ကိုလိုက်ခဲ့ဖို့ ခေါ်ထားတယ်"
ကျနော့်စကားရဲ့အဆုံးမှာ ဝင်းလဲ့လာတဲ့မျက်ဝန်းတစ်စုံနဲ့ကျနော့်ကိုကြည့်တယ်
"လိုက်ခဲ့မယ် Hyung!!!"
"ဒါပေမယ့်!"
"ဟုတ်"
