°Unicode°
Sungchan's POV
ကျောင်းဆင်းချိန်ဖြစ်တာမို့ အိမ်ပြန်ဖို့ အဖေလာကြိုတာကိုစောင့်နေလိုက်တယ်။ ခါတိုင်းအချိန်တွေဆို အဖေကသူကိုယ်တိုင်လာမကြိုတတ်တာများပေမယ့် ဒီနေ့တော့ သူအလုပ်သိပ်မရှုပ်တာကြောင့် သူကိုယ်တိုင်လာကြိုမယ်လို့ကျနော့်ကိုကတိပေးထားခဲ့တယ်
ကျနော်က အဖေနဲ့ငယ်ငယ်ကသိပ်အချိန်မဖြုန်းခဲ့ရတော့ အဖေနဲ့နှစ်ယောက်တည်းအတူတူရှိရတဲ့ အချိန်တွေဆို ကျနော်အရမ်းပျော်တယ်။ အေးအေးဆေးဆေးနေတတ်တဲ့ အဖေနဲ့ ပျော်ပျော်နေပြီးလူတကာကိုလိုက်ရောတတ်တဲ့ ကျနော်တို့က အကျင့်စရိုက်တွေမတူပေမယ့်လည်း ကျနော်ကတော့ အဖေ့ကိုအရမ်းချစ်တယ်
"sungchanရေ"
ကားအမည်းတစ်စီးကျနော့်ရှေ့မှာလာရပ်ပြီး အထဲကကျနော့်နာမည်ကိုလှမ်းခေါ်တာကြောင့် ကျနော်ကြည့်လိုက်တော့ အဖေ့သူငယ်ချင်း ဦးလေးjohnnyဖြစ်နေတယ်
"ဦးလေးက ဘာလာလုပ်တာလဲ? အဖေရော?"
သူရောက်ရောက်ချင်း ကျနော်က အဖေ့ကိုမေးလိုက်တော့ သက်ပြင်းတစ်ချက်ချပြီး ကျနော့်ကိုပြန်ဖြေတယ်
"မင်းအဖေမအားလို့ ဦး ကိုယ်တိုင်လာကြိုတာ! လာတက် တက်"
ကျနော်မျက်နှာတစ်ချက်ပျက်သွားတယ်။ ဒီနေ့အဖေလာကြိုမယ်ထင်လို့ shotaroတို့နဲ့တူတူ ဂိမ်းဆိုင်ကိုတောင် လိုက်မသွားခဲ့ဘူး။ အခုတော့အကုန် အလကားဖြစ်ကုန်ပြီ။ ကားထဲရောက်တော့ မျက်နှာပျက်နေတဲ့ကျနော့်ကိုကြည့်ရင်း ဦးလေးက တစ်ခုပြီးတစ်ခုရှင်းပြနေတယ်
"သားကို လာကြိုခါနီးမှ Meetingတစ်ခုပေါ်လာလို့ မင်းအဖေက ဦးကိုလွှတ်လိုက်တာ...ခွင့်လွှတ်လိုက်ပါ မင်းအဖေက အလုပ်အရမ်းများတာကို"
ဦးလေးပြောတာမှန်တော့မှန်ပေမယ့် ကျနော်လက်မခံချင်ဘူး။ အဖေဟာ အလုပ်ကိုသိပ်ဦးစားပေးလွန်းတယ်။ သူ့ရဲ့တစ်ဦးတည်းသော သားကိုပစ်ထားရလောက်တဲ့ထိကို အလုပ်လုပ်တာ။ မနက်ဆို ကျနော်ကျောင်းသွားတဲ့အချိန်နဲ့တစ်ချိန်တည်း ရုံးသွားပြီး ညဘက်တွေမှာကျ နောက်ကျမှပြန်လာတတ်တယ်။
ဒီအသက်အရွယ်မှာဒီလောက်အလုပ်တွေလုပ်နေတာကိုကြည့်ရတာ ငယ်ငယ်ကဆို အဖေဘယ်လိုနေခဲ့လဲဆိုတာကို ကျနော်သိချင်လာတယ်။ ဒါ့ကြောင့် ကျနော့်ကိုဆိုအမြဲအလိုလိုက်တတ်တဲ့ ဦးလေးjohnnyကိုမေးလိုက်တယ်