Jaehyun's POV
အိမ်ထဲဝင်သွားတဲ့ Sungchanကိုကြည့်နေရင်း ကျနော် Markဆိုတဲ့ကလေးဘက်ကိုလှည့်လိုက်တယ်။ ပထမတစ်ခေါက်တွေ့ခဲ့စဉ်ကနဲ့မတူဘဲ သူဟာ ကျနော့်ကိုအကြည့်ရဲရဲတွေနဲ့ စိုက်ကြည့်နေခဲ့တယ်
"ဆိုပါဦး... မင်းရဲ့ညီ..ငါ့သားပေါ့ သူကဘာကိစ္စနဲ့ မင်းတို့အိမ်ကိုရောက်နေတာလဲ?"
"ကျနော့်အဖေကခေါ်လို့ပေါ့.. ပြီးတော့ Sungchanကလည်း အဖေ့ကိုအရမ်းချစ်တာလေ"
ဒီကောင်လေးရဲ့အဖြေမှာ ကျနော်ဘဝင်မကျစွာနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အခုကတည်းက တွယ်တာနေရင် Sungchanအတွက် လွယ်မှာမဟုတ်ဘူးဆိုတာကို ကျနော်သိလိုက်တယ်
"ဒါဆိုလည်း Sungchanနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ မင်းကပဲ နားဝင်အောင်ပြောပေးလိုက်ပေါ့... အဲ့ဒီ့လိုမျိုး လူတစ်ယောက်ကို အဖေဆိုတာနဲ့ မြင်တာနဲ့ချက်ချင်းတွယ်တာရမယ့်လူမဟုတ်ကြောင်း၊ ရူးကြောင်ကြောင်အတွေးတွေကို စွန်လွှတ်သင့်တဲ့--"
"ခင်ဗျား Sungchanရဲ့ Allergyကို သိလား?"
ကျနော့်ကို စကားကိုဖြတ်မေးလိုက်တဲ့မေးခွန်းကြောင့် ကျနော်အံ့ဩသွားရတယ်
"ဘာ? မဆီမဆိုင် ဘာတွေမေးနေတာလဲ?"
"Sungchanရဲ့ Allergyကိုသိလား? သူ ဘာနဲ့မတည့်ဘူးဆိုတာကို သိလား?"
ဒီကောင်လေးရဲ့အဖြေမှာ ကျနော်ဘေးကျပ်နံကျပ်ဖြစ်သွားပြီ။ Sungchanကဘာနဲ့မတည့်တာလဲ? သခွားသီးလား? သစ်ချသီးလား?
Sungchanနဲ့ ဘယ်တော့မှ လက်ပွန်းတတီးမနေခဲ့တဲကျနော်ဟာ သူ့အဖြေကိုမဖြေနိုင်ခဲ့ပါဘူး။ ကျနော့်ဘက်ကအဖြေမပေးနိုင်ခဲ့တော့ Markက စတင် ရယ်မောတော့တယ်"ခင်ဗျားကိုယ်ခင်ဗျား အဖေလို့တောင် ခေါ်ထိုက်ရဲ့လား စဉ်းစားကြည့်ပါဦး!"
"..."
"ကျနော့်အဖေ! ကျနော့်အဖေ Lee Taeyongကလေ.. Sungchanဘာနဲ့မတည့်ဘူးဆိုတာကို သူတွေ့လိုက်တဲ့ ခဏလေးမှာတင် ပြောနိုင်တယ်သိလား??!?!! ခင်ဗျား..ခင်ဗျားဗျာ...Sungchanနဲ့ တစ်သက်လုံးနေလာခဲ့ပြီး ခင်ဗျားဘာလုပ်နေတာလဲ?!!!"
ကျနော်ဘာမှမပြောနိုင်တော့ဘဲ Markကိုအကြည့်လွှဲထားခဲ့တယ်။ အရာအားလုံး ကျနော့်ရဲ့အပြစ်တွေချည်းပါပဲ