Part 6

490 70 13
                                    

°Unicode°

Mark's POV

"သား..mark ထမင်းစားတော့မလား? အဖေ ဟင်းနွှေးလိုက်တော့မယ်"

ကျနော်အိမ်ထဲကိုရောက်ရောက်ချင်း အဖေကဂရုတစိုက်နဲ့မေးလိုက်တာမို့ ကျနော်ကလည်းအလိုက်သင့်လေး ပြန်ပြုံးပြမိလိုက်တယ်။ ဒီစကားက ကျနော်အိမ်ပြန်ရောက်လာတိုင်း အဖေပြောနေကျစကားဖြစ်နေပေမယ့် ဒီနေ့ကျတော့ ပိုပြီးနားထောင်လို့ကောင်းနေခဲ့တယ်။ sungchanပြောတာ ဒီလိုခံစားချက်မျိုးဖြစ်မယ်ထင်တယ်။ အဖေနဲ့တူတူရှိနေရင် နွေးထွေးပြီး လုံခြုံတယ်လို့ခံစားရတဲ့ခံစားချက်မျိုး။ ဒါကြောင့်လည်း sungchanက သူ ကလေးပေါက်စဘဝကတည်းကိုက အဖေ့ကိုတအားကပ်နေခဲ့တာဖြစ်လိမ့်မယ်

"ဗိုက်မဆာဘူးလာ? နေမကောင်းလို့လား? အဖေ ဘာထပ်လုပ်ပေးရမလဲ?"

ထမင်းကိုတစ်ဇွန်းချင်းဆီထည့်ပြီး တစ်ချက်ချင်းဝါးနေတဲ့ ကျနော့်ကိုကြည့်ပြီး အဖေက စိုးရိမ်တကြီးနဲ့မေးလာတယ်
ကျနော်လည်း ပြန်ခေါင်းရမ်းပြလိုက်ပြီး အဖေ့ကိုကြည့်နေခဲ့တယ်

"အဖေ...jaehyunနဲ့ ဘယ်လိုဖြစ်သွားခဲ့လဲပြောပြပါလား?"

အဖေက သူကိုင်ထားတဲ့ ဇွန်းကိုစားပွဲပေါ်ကိုချက်ချင်း ချပစ်လိုက်ပြီး ကျနော့်ကိုစိုက်ကြည့်နေတယ်

"ဘယ်သူပြောပြတာလဲ? jaehyunလား?"

"ဦးလေးဒိုယောင်း"

"ဘယ်အထိသိပြီးပြီလဲ?"

"အကုန်လုံးနီးပါးပဲ ဒါပေမယ့် အဖေဖြေတဲ့အဖြေကို ကြားချင်လို့ အခုထပ်မေးလိုက်တာ"

ကျနော်ဖြေလိုက်တဲ့အဖြေကိုကြားတော့ အဖေကအံတစ်ချက်ကြိတ်လိုက်ပြီး ထမင်းဆက်စားနေတယ်။ 2မိနစ်လောက်နေတော့မှ ကျနော့်မေးခွန်းကိုပြန်ဖြေတယ်

"ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်ပြောရတာ အဖေ ဝါသနာမပါဘူး lee minhyung..ပြီးတော့ အခုလိုပြန်ပြောနေလို့လည်း မင်းအတွက် ဘာမှကောင်းတာရှိမှာမဟုတ်ဘူး။ ဒါ့ကြောင့်မို့ မသိ--"

"sungchanကလေ.."

အဖေ့စကားကို ဆုံးအောင်နားမထောင်တော့ဘဲ ကျနော်ကsungchanနာမည်ကိုပြောလိုက်တော့ အဖေကစိတ်ဝင်စားတဲ့ဟန်နဲ့ ကျနော့်ကိုကြည့်နေတယ်

Puzzle PieceWhere stories live. Discover now