°Unicode°
Mark's POV
"မင်းအကြံက အဆင်ပြေပါ့မလား?"
"အာ hyung!!! ဒီလိုလုပ်မှပဲ သူတို့နှစ်ယောက်တွေ့တော့မှာကို။ ကျနော်တို့က ရန်ထပ်ဖြစ်မယ် အဲ...ရန်ဖြစ်ချင်ယောင်ဆောင်တာပေါ့။ အဲ့မှာ ရုံးခန်းခေါ်ခံရပြီး မိဘအခေါ်ခံရအောင်လုပ်မယ် သူတို့နှစ်ယောက်ပြန်တွေ့၊ ပြန်ချစ် ဟော ပြီးရော!!"
အဖေတို့နှစ်ယောက်ကို ပြန်တွေ့အောင်လုပ်ပေးနေတဲ့အစီအစဥ်ဖြစ်နေပေမယ့်လည်း အခန့်မသင့်ရင် ကျနော်တို့နှစ်ယောက်ပါ ပြဿနာတက်နိုင်ချေများတာမို့ ခပ်လန့်လန့်ဖြစ်နေတယ်
"အဖေတို့က ပြန်တွေ့တာနဲ့ပြန်ချစ်ပါ့မလား? ဒီလောက်ထိတောင် ပြဿနာတွေတက်ပြီးကြတာကို"
Jeno-"hey heyyyy မင်းတို့ ရန်ထပ်ဖြစ်မလို့လား!!"
အနောက်ကနေ jenoကလှမ်းအော်လိုက်တာမို့ ကျနော်ကတော့ မလန့်ပေမယ့် sungchanကတော့တုန်သွားတယ်။ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က မနေ့တစ်နေ့ကမှ ရန်ဖြစ်ထားပြီး အခုတော့ ခေါင်းချင်းဆိုင်ပြီး စကားပြောနေတာကိုမြင်လိုက်လို့ သူတို့အံ့သြသွားကြပုံရတယ်။ jenoနဲ့တူတူ ကျနော့်သူငယ်ချင်းတွေဖြစ်တဲ့ haechan, jaeminနဲ့ yangyangတို့ပါရောက်လာကြတယ်
yangyang-"မင်းတို့က တည့်နေကြတာလား??"
အကုန်လုံးက မယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်နေတော့မှ ကျနော်လည်းသတိထားမိတယ် ကျနော်တို့ကညီအစ်ကိုတွေဆိုတာ သူတို့မသိသေးဘူးပဲ
"*$#-´$=×'%"
ဖြစ်ကြောင်းကုန်စဥ်တွေအကုန် ရှင်းပြလိုက်တော့မှ သူတို့တွေအကုန်သဘောပေါက်သွားကြပြီး ကျနော်တို့အစီအစဥ်မှာ ကူညီပေးမယ်လို့ သဘောတူခဲ့ကြတယ်
jeno-"ဒီနေ့PEအချိန်မှာ လုပ်ရင်ရော? ဆရာLucasမလာဘူးလို့ငါကြားထားတယ်"
jaemin-"သေချာလို့လား?"
jaeminက မယုံတဲ့အကြည့်နဲ့ကြည့်လိုက်တော့ jenoကခေါင်းတဆတ်ဆတ်ညိတ်ပြရင်း သူ့ကိုပဲယုံလိုက်ပါဆိုပြီး လုပ်နေတယ်
yangyang-"ဒါပေမယ့် မင်းတို့ကို ရုံးခန်းခေါ်သွားဖို့ဆိုရင် ဆရာတစ်ယောက်မြင်မှဖြစ်မှာလေ အဲ့ဟာကိုဘယ်လိုလုပ်မလဲ?"