°Unicode°
Mark's POV
"အခုမင်းပြောတာတွေကို ငါကဘယ်လိုယုံရမှာလဲ?"
ကျနော်ပြောလိုက်တဲ့စကားကြောင့် sungchanက လက်နှစ်ဖက်ကိုမြှောက်ပြပြီး မျက်လုံးအပြူးသားနဲ့ကြည့်နေတယ်။ sungchanဟာ ကျနော်တို့နှစ်ယောက်ကညီအစ်ကိုတွေဖြစ်ကြောင်း၊ ကျနော်တို့အဖေနှစ်ယောက်ဟာ တစ်ချိန်ကလက်ထပ်ပြီးသားကိုကွာရှင်းလိုက်ကြကြောင်း၊ ကွာခဲ့တဲ့အချိန်မှာလည်း ကျနော်တို့နှစ်ယောက်ထဲကတစ်ယောက်ဆီကိုယူကြပြီး ကွာခဲ့ကြောင်း၊ အခုသူ့အဖေကနောက်အိမ်ထောင်ပြုတော့မှာမို့ ကျနော့်ကိုကူညီစေချင်ကြောင်းကို အားကြိုးမာန်တက်ရှင်းပြနေတယ်
"ဟုတ်တယ်လေ အဖေက သူလက်ထပ်ထားတယ်လို့လည်းငါ့ကိုတစ်ခါမှမပြောဖူးဘူး"
Sungchanက သက်ပြင်းတစ်ချက်ချရင်းပြန်ဖြေတယ်
"ငါ့အဖေရောပဲလေ"
ကျနော် သူပြောတာတွေကို သိပ်မလန့်မိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်သိတတ်စအရွယ်ကတည်းကိုက koreaနဲ့ပတ်သက်ရင်အဖေက အကုန်ပိတ်ပင်တားခဲ့တာ။ အဲ့ကတည်းက ကျနော်ရိပ်မိပါတယ်။ အဖေ့မှာ koreaနဲ့ပတ်သက်ပြီး အတိတ်ကြီးကြီးတစ်ခုရှိလိမ့်မယ်လို့..
"ပြီးတော့ မင်းနဲ့ငါနဲ့ညီအစ်ကိုဆိုတာ ယုံချင်စရာမကောင်းဘူး"
"ဘာလို့လဲ"
sungchanကိုကျနော် ခြေဆုံးခေါင်းဆုံးကြည့်မိတယ်။ ဘယ်လိုပဲ သွေးချင်းတြွေဖစ်ပါစေဉီးတော့ ဘာလို့သူကကျနော့်ထက်အရပ်ပိုရှည်နေရတာလဲ? ငယ်ငယ်က တူတူကြီးပြင်းခဲ့ရတဲ့အခြေအနေကွာလို့လား? ကျနော်က အဖေtaeyongနဲ့ ကြီးခဲ့ရတော့ ပုကျန်နေခဲ့ပြီး သူကသူ့အဖေပုံစံအတိုင်းဖြစ်သွားတာလား
သူ့ကိုခေါင်းအစခြေအဆုံးကြည့်နေလို့ လျင်တဲ့sungchanက ကျနော့်နားကိုတိုးလာတယ်။ ပြီးတော့ ကျနော့်နားကိုတိုးတိုးလေးကပ်ပြောတယ်
"သြော် အရပ်ကြောင့်လား hahahah"
"ဟေ့ကောင်! မရယ်နဲ့ ငါမင်းထက် 2နှစ်ကြီးတယ်နော်"
"ဟုတ်ပါပြီ hahahaha"
ကျနော်တို့နှစ်ယောက်လုံး တိတ်သွားကြပြီး တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်နေကြတယ်။ မလိမ်ပါဘူး ကျနော်ဟာလည်း အမြဲတမ်း ညီတစ်ယောက်လိုချင်နေခဲ့တာပါ။ canadaမှာနေခဲ့တုန်းကလည်း ကျနော်နဲ့တရင်းတနှီးဖြစ်ခဲ့ရတဲ့သူငယ်ချင်းဆိုတာမရှိခဲ့ဘူး။ koreaကိုပြန်ရောက်လာတော့လည်း ကိုယ့်ထက်ငယ်တဲ့ကလေးတွေကို သူငယ်ချင်းပေါင်းလိုက်ပေါင်းနေရတာလည်း ကျနော့်အတွက်တော့ ခက်ခဲခဲ့ပါတယ်