{Uni}
ဂွေးတိုရွာ၏ ရွာပြင်ရှိ မြစ်ဘေးတွင် ကလေးအုပ်စုတစ်စုနှင့် စိန်ပြေးလိုက်တိုင်းကစားနေသည့် ကောင်လေးတစ်ယောက်။
အသက်အားဖြင့် ၂၂နှစ်အရွယ်လောက်ရှိပြီး
ကလေးတွေနှင့် ကစားနေတာတောင် ငယ်ရုပ်မပျောက်သေးတဲ့သူလေးက ၂၂နှစ်ဆိုတာ ယုံစရာပင်မရှိ။"မိပြီကွ။ အုယောင် မင်းလိုက်တော့"
"ဆရာရှောင်းရာ ကျွန်တော်တို့ မပြေးနိုင်တော့ဘူးဗျ။ တော်တော်မောနေပြီ။ နေ့လယ်စာ စားချိန်လည်းရောက်ပြီ နားရအောင်ဗျာ"
ကလေးအုပ်ထဲမှာ အုယောင်ဆိုတဲ့ ၁၄နှစ်အရွယ် ကောင်လေးကညည်းညူစွာပြန်ပြောလာသည်။
"မင်းတို့ကွာ အသက်လေးကြည့်တော့ဖြင့်
ထက်ဝက်တောင်မရှိသေးဘူး။ ငါ့လောက်တောင် အမောမခံနိုင်ပါလား""ကျွန်တော်တို့က ဆရာရှောင်းလို သက်လုံမကောင်းဘူးဗျ"
"ဘာမှ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်
ဆင်ခန္ဓာကိုယ်တွေ လာမပေးနဲ့။ ထမင်းစားမှာမလား သွားစားကြ သွား""ဆရာရှောင်းကမလိုက်ဘူးလား"
"ငါခနနေမှ လိုက်လာမယ်။ လမ်းလျှောက်မလို့"
"အဲ့လို မလုပ်နဲ့လေ ဆရာရှောင်းရာ။ သူကြီး
ကကျွန်တော့်ကို ဆူမှာပေါ့""ဘာကိစ္စ မင်းကို ဆူရမှာလဲ"
"ဆရာရှောင်းနဲ့ အတူထွက်သွားတာကို ကျွန်တော်တစ်ယောက်တည်း ပြန်သွားရင် ကျွန်တော့်ကို ဆူမှာပေါ့။ လာပါဗျာ အတူတူ လိုက်ခဲ့"
လက်မောင်းကဆွဲကာ ခေါ်သွားခံရသည့်သူကတော့ သူကြီးသား ရှောင်းကျန့်နှင့် သူ့အားဆွဲခေါ်သွားတာကတော့ သူကြီး၏လူယုံ ဦးမယောင်၏သား မောင်အုယောင်ဖြစ်သည်။
ရွာထဲပြန်ဝင်လိုက်သည်နှင့် ရှောင်းကျန့်ကို မြင်သည့်သူမှန်သမျှဟာ သူ့တို့ပစ္စည်းတွေအား
ဖွက်ကြသည်။ ပစ္စည်းဆိုလို့ တခြားတော့မဟုတ်။ ကြက်တို့ ဘဲတို့ သရက်သီးတို့ ဇီးသီးတို့ဖြစ်သည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.