{Uni}
"စားလို့ကောင်းလိုက်တာ"
ထိုတစ်ခွန်းသာပြောပြီး ဟော့ပေါ့တစ်အိုးလုံးလည်း တစ်ယောက်တည်းဆွဲတဲ့ရှောင်းကျန့်က ဖုန်းတွေလို ဗိုက်ထဲမှာ 64GBများထည့်ထားသလားမှတ်ရသည်။
"ဝမ် ...မစားဘူးလား ကျန့်တစ်ယောက်တည်းစားနေရသလိုပဲ"
တော်တော်တရားဖို့ကောင်းပါသည်။ 'စ'စားထဲက သူ့လက်ချည်းပဲဖြစ်နေတဲ့ဟော့ပေါ့အိုးက ဝမ်ရိပေါ်တို့ ၄,၅ခုလောက်စားပြီးကတည်းက အနှိုက်မခံတော့တာ အခုတစ်အိုးလုံးကုန်သည်အထိပါပင်။
"ကိုယ်ကဝပြီ။ကျန့်သာ ဝအောင်စားနော်"
"အွန်း...ကျန့်လည်း ဝပါပြီ။ဒီမှာ ကြည့်ပါလား ဗိုက်လေးတောင်ပူသွားပြီ"ဟုဆိုကာ အင်္ကျီပါ လှန်ပြသည်မို့ ဝမ်ရိပေါ်မှာအသည်းသန်လိုက်အုပ်ရသည်။ ကျန့်ရဲ့ ဗိုက်ကလေးကို သူများတွေမြင်ကုန်မှဖြင့်။
"အာ..ပြနေတာကို ဘာလို့အတင်းတွေလိုက်ဆွဲချနေတာတုန်း"
"အင်း...ကျန့် ဗိုက်လေးပူနေတာ ကိုယ်သိတာမို့ မလှန်နဲ့တော့နော်"
"အင်းပါ။ အဲဒါကို ရိုးရိုးပြောလည်းရတာကို"
"စိတ်မဆိုးပါနဲ့။ ခုစားပြီးပြီဆိုတော့ကိုယ်တို့ ဘယ်သွားကြမလဲ"
"ကျန့်ကဘယ်လိုလုပ်သိမှာလဲ။ ဝမ်လိုက်ပို့လေ"
"ဟုတ်ပြီ။ သွားမယ်လာ ကိုယ်နဲ့လိုက်ခဲ့"
ပိုက်ဆံရှင်းကာဆိုင်ထဲမှထွက်တော့
ကားဆီသွားမလိုု့လုပ်နေတဲ့ ရှောင်းကျန့်လက်ကို ဝမ်ရိပေါ်လှမ်းဆွဲလိုက်သည်။"ကားနဲ့မသွားတော့ဘူး။ ဒီနားလေးတင်ပဲ။ လမ်းလျှာက်သွားရင်ရောက်ပြီ"
"အင်း"
တစ်ယောက်လက်တစ်ယောက်ဆွဲကာ ကြည်ကြည်နူးနူး လမ်းလျှောက်နေတဲ့သူတို့အတွဲက ဘေးကမြင်ရသူတွေအဖို့တောင် အပြုံးလေးတွေ ကူးစက်သွားစေသယောင်။
၅မိနစ်လောက်လျှောက်လာပြီးချိန်တွင်တော့
ဂိမ်းဆိုင်ဟုထင်ရသည့် တိုက်ကြီးတစ်ခုရှေ့ရောက်လာသည်။ ဝမ်ရိပေါ်ခေါ်ရာနောက်လိုက်လာတဲ့ရှောင်းကျန့်ကတော့ ထိုအရာတွေကိုစိတ်ဝင်တစားကြည့်နေမိသည်။ တိုက်ရှေ့ကကြည့်တုန်းက ရိုးရိုးဂိမ်းဆိုင်ထင်ရသော်လည်း အထဲဝင်လာမှ တိုက်ကတော်တော်ကျယ်မှန်းသိလိုက်ရသည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.