_12_

4.8K 490 8
                                    

{Uni}

"သား ဟို​ရောက်ရင်ရိ​ပေါ်စကားကိုနား​ထောင်​နော်။ အရမ်းမဆိုးရဘူးကြားလား"

"...."

"တစ်​ယောက်တည်းအပြင်လည်းသိပ်မထွက်နဲ့ဦး​။ စ​ရောက်ခါစမို့လမ်း​ပျောက်နေမယ်"

"အီး!! ဟီး!! ပါး!!"

သူကြီးက သားဖြစ်သူကိုမှာစရာရှိတာမှာ​နေသည်ကို ရုတ်တရက်ထငိုတဲ့က​လေးလူကြီး​လေးရှောင်းကျန့်က ရိုးရိုးငိုသည်တောင်မဟုတ်။ ဖခင်ဖြစ်သူကိုပြေးဖက်ကာ ရှိုက်ကြီးတငင်ငိုနေသည်။

ထိုအရာကိုဖခင်ဖြစ်သူကြီးက ဝမ်းမနည်းဘူး​ပြောလျှင်လိမ်ရာကျမည်။ ဘယ်မိဘမှ
ကိုယ့်သားသမီးကို ခွဲချင်တာမှမဟုတ်တာ။ ပိုဆိုးသည်က ကိုယ့်ရဲ့သားအိမ်​ထောင်ကျတာ​တောင် ​ယောက်ျား​လေးတစ်​ယောက်နဲ့ကျတာမို့ သ​​​​​​​မြောစိတ်​တော့ မိဘတိုင်းတွင်ရှိကြလိမ့်မည်။

"အီးး...ဟင့်...ရွှတ်..ပါး..အိ..ပါးမြန်မြန်..လိုက်ခဲ့..ရွှတ်​..နော်"

"ဟုတ်ပါပြီ။ ပါးလိုက်ခဲ့မယ်​နော်။ မငိုရဘူး​လေ ဒါငိုစရာမှမဟုတ်တာ"

"အီး!! သား​ တောင်းပန်ပါတယ်"

"မလိုပါဘူး က​​လေးငယ်ရယ်။ တစ်ချိန်ချိန်ဒီလိုကိစ္စဆိုတာကြုံရမှာပဲ။ ပါး သား​လေးအိမ်​ထောင်ကျကံ​ကောင်းပါတယ်။ ဝမ်ရိ​ပေါ်စကားနား​ထောင်​နော်"

"အင့်! အီးဟီး!!"

​ဝမ်းနည်းတကြီးငို​နေတဲ့ရှောင်းကျန့်က ​တော်​တော်နဲ့အငိုမတိတ်​တော့​​ပေ။

"ကဲ! သွားဖို့အချိန်ကျ​နေပြီ။ ဟိုကိုလည်းစော​စောရောက်​အောင် ခုထဲကထွက်ကြ​တော့"

သူကြီး​ပြောမှ ပုခုံး​ပေါ်မျက်နှာအပ်ကာငို​နေတဲ့ ​ရှောင်းကျန့်ကို ဝမ်ရိ​ပေါ်မနည်းဆွဲ​ခွာရသည်။ ​ရှောင်းကျန့်ကလည်း ထိုတော့မှသူ့ပါပါးကိုလွှတ်​ပေးသည်။

"သားသွား​တော့မယ်​နော် ပါး"

"​ကောင်း​ကောင်းသွား"

"သွား​တော့မယ်​နော်။ အု​ယောင်နဲ့ဦးမ​ယောင်။ ပါးကိုစိတ်ချမယ်​နော်"

Bomiro & Julie Zhan [Completed]Where stories live. Discover now