{Uni}
ရှောင်းကျန့်တို့ဖုန်းရပြီးတည်းက အခန်းပြင်တောင်သိပ်မထွက်တော့။ ဝမ်ရိပေါ်ကဆိုင်လိုက်ခဲ့ဖို့ခေါ်တာတောင် ပျင်းလို့ဆိုကာနေခဲ့သည်။ ဝမ်ရိပေါ်လည်းခေါ်မရတဲ့အဆုံး စောစောပြန်ခဲ့မယ်ဟုဆိုကာထွက်သွားလေပြီ။
ရှောင်းကျန့် ယခုလုပ်နေသည်မှာ online shopတွေအား လိုက်ကြည့်နေခြင်းဖြစ်သည်။သူဒီစျေးဝယ်နည်းကို သိပ်သဘောကျသည်။ အချိန်မကုန် ချွေးမထွက်ဘဲ လိုချင်တဲ့ပုံကိုရွေးရှာပြီးမှာလိုက်ရုံပဲလေ။
Online shopတွေ တစ်ခုပြီးတစ်ခုကြည့်နေရင်းမှ တစ်နေရာအရောက်သူ့ရဲ့လှုပ်ရှားနေတဲ့ လက်တွေရပ်သွားသည်။
ဒါသူ မနက်ကမှကြည့်ထားတဲ့ တောတွင်းစက်ဘီးပြိုင်ပွဲတွေမှာစီးတဲ့ စက်ဘီးပုံစံမျိုးတွေ။အနီနဲ့အဖြူစပ်ထားတဲ့စက်ဘီးတစ်စီးက သူ့ကို ဖမ်းစားသွားသည်။ ရိုးရိုးရှင်းရှင်းလေးနဲ့ သူတကယ်သဘောကျပါသည်။
သို့ပေမယ့် သူစက်ဘီးမစီးတတ်။ ကိစ္စမရှိ ဝမ်ရိပေါ် သင်ပေးလိမ့်မည်။
Chat boxတွင် မှာယူမည့်အကြောင်းစာပို့လိုက်ပြီး ခနကြာတော့တစ်ဖက်ကစာပြန်လာတာကြောင့်စျေးညှိနှိုင်းမှုလုပ်ပြီး မှာယူလိုက်တော့သည်။
သူ့တွင်ပိုက်ဆံမရှိ။ ကိစ္စမရှိ ဝမ်ရိပေါ်ရှင်းပေးလိမ့်မည်။
တွေးနေရင်းနှင့် ဝမ်ရိပေါ်ကိုသတိရလာသည်ကြောင့် contactမှာရှိတဲ့ တစ်ခုတည်းသော ဖုန်းနံပါတ်လေးအားဆက်လိုက်တော့ ဖုန်းဝင်သည်နှင့်တန်းကိုင်တာကြောင့် ကျေနပ်ရသည်။
"ဝမ်..ဘာလုပ်နေလဲ"
"ကိုယ် ခုလေးတင်စာရင်းတွေစစ်ပြီးလို့ ကျန့်ကိုဖုန်းဆက်တော့မလို့"
"လွမ်းတယ်..ဝမ်"
"ကိုယ်အခုပြန်လာတော့မှာ။ လွမ်းနေပြီ။"
"အင်း အင်း။ စောင့်နေမယ် မွ!"
"မွ!"
ဝမ်ရိပေါ် ဖုန်းချပြီးသည်နှင့် ဆိုင်ပါတစ်ခါတည်း သိမ်းပြီးပြန်လာလိုက်သည်။ ခြံရှေ့ရောက်တော့ မျန်မျန်ကားလည်းရောက်လာတာမို့ ခြံထဲအတူ ဝင်ခဲ့လိုက်သည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.