{Uni}
"သားတို့ရယ် ဘယ်သွားနေကြတာတုန်း။ မိုးတောင်ချုပ်နေပြီကို"
ဝမ်ကတော်မေးသည်ကို ဝမ်ရိပေါ်ကပြန်ဖြေသည်။
"ဒီနားလေးတင်ပါပဲ။ ကျန့်နဲ့လမ်းလျှောက်ရင်း စကားပြောနေကြတာ"
ဒီနားလေးတင်ကရွာပြင်ထိဆိုတာတော့ ထည့်မပြောခဲ့။
"ဝမ်ရိပေါ်!! ငါရေချိုးနေလို့ ခနစောင့်ပါဆိုတာကို ငါ့မခေါ် ပဲထွက်သွားတယ်"
"ဘယ်သူကရော နင့်ကို စောင့်မယ်လို့ပြောလို့လဲ"
"နင်!!"
"ကဲပါတော်ကြတော့ တကယ်တည်းတွေ့တာနဲ့သတ်နေကြတာပဲ။ သားတို့နှစ်ယောက်လည်း ခြေလက်ဆေးပြီးအိမ်ပေါ်လာတော့ တို့တွေ ထမင်းလက်စုံစားရအောင်"
ဝမ်ကတော်က သူငယ်ချင်းနှစ်ယောက်သတ်နေတာကိုဖြေရှင်းပေးရတော့သည်။ အဲ့လိုတစ်နေ့တစ်မျိုးမရိုးအောင်သတ်နေတဲ့ ဝမ်ရိပေါ် နဲ့မျန်မျန်တို့နှစ်ယောက်ကို ဝမ်ကတော်ကလူကြီးချင်းစကားပြောကာစီစဥ်ပေးမည်လုပ်တော့
နှစ်ယောက်လုံးကငြင်းတာဆိုတာ ပြောစရာစကားတောင်ပျောက်သည်အထိပင်။ ဝမ်ရိပေါ်က အဆိုးဆုံးဖြစ်သည်။ထို့ကြောင့်ဝမ်ကတော်လည်း ဆက်မစီစဥ်တော့ဘဲ မောင်နှမလိုနေနေတဲ့ သူတို့သူငယ်ချင်းနှစ်ဦးကိုလွှတ်ထားလိုက်ရတော့သည်။ ထမင်းစားပြီးတဲ့အချိန်တွင်တော့ အချိုတည်းကာစကားပြောဖြစ်သည်။
"ဝမ်မိသားစုလုပ်တဲ့အလှူက ဒီရွာမှအကြီးဆုံး အလှူပဲဗျာ"
"အဲ့လောက်တောင်လား"
သူကြီးကပြောတော့ ဝမ်သူဌေးကပြုံးရင်းပြန်ပြောသည်။ ဝမ်ကတော်ကပါဖြည့်စွက်ပြီးထပ်ပြော၏။
"အဲ့တာကတော့သူကြီးရေ ကျွန်မတို့ကရွာမှာ အလှူလုပ်မယ်ဆိုတော့ သားကစိတ်အားအရမ်းထက်သန်ပြီး သူပါအလှူအတွက်ငွေစိုက်မယ်တဲ့လေ။ နောက်တော့သူ့အဖေအလုပ်မှာ ဝင်ကူပေးပြီး ရတဲ့ပိုက်ဆံနဲ့ဆိုင်ခွဲတစ်ဆိုင်ပြန်ဦးစီးပြီး ၂နှစ်လောက် ပိုက်ဆံကြိုးစားရှာတာ။ အလှူလုပ်ရင်း သူ့အိမ်ထောင်ဖက်ကိုလည်း တင်တောင်းမလို့တဲ့ရှင်"
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.