_14_

4.6K 458 9
                                    

{Uni}

သူများ​တွေလို အိပ်ယာ​ပြောင်းလို့၊ ခင်ပွန်း​လောင်းရဲ့ အိမ်မို့လို့ဆိုပြီး ​စော​စောထတဲ့ ထဲ​ရှောင်းကျန့်တို့မပါခဲ့။

အရင်လို ဥကြီးကြီးဥဟုဖင်ကုန်း​အော်နှိုးမည့်ကြက်ဖလည်းမရှိသလို ဆရာ​ရှောင်းဆိုကာ နားနားကုန်း​အော်နှိုးမည့်သူလည်းမရှိဘဲ သာယာနာ​ပျော်ဖွယ်ငှက်က​လေး​တွေရဲ့အသံ​လေး​တွေ​ကြောင့် ​နေ​ရောင်ထွက်​နေပါ​သော်လည်း အရာအားလုံးက ​ရှောင်းကျန့်ကိုချော့သိပ်​နေသ​ယောင်။

​ဂျောက်!

တိတ်ဆိတ်​နေသည့်အခန်း​လေးဟာ တံခါးဖွင့်သံ​ကိုသဲသဲကွဲကွဲကြားရသည်။ သို့​သော်လည်း ​ရှောင်းကျန့်တို့မထပါ။

ဝမ်ရိ​​ပေါ် ကုတင်နားကိုခြေဖွဖွ​လျှောက်ကာ ကုတင်​ပေါ်တွင် ​ခြေကားယားလက်ကားယားနှင့် စက်​တော်​ခေါ်​နေတဲ့ အနာဂတ်သတို့သား​လောင်း​​လေးကို ပြုံးကြည့်​နေမိသည်။

ပါးစပ်ထဲက သွားရည်​တွေစီးကျ​နေပြီး ​​ဟောက်​​တောင်ဟောက်​နေတဲ့ပုံ​လေးက ဘယ်​လောက် ချစ်ဖို့​ကောင်းလိုက်လဲ။

ဝမ်ရိ​ပေါ် ကုတင်​ပေါ်တင်ပါးလွှဲထိုင်ကာ ​ရှောင်းကျန့်နှာ​ခေါင်း​လေးကို လက်ညှိုးနဲ့လက်ခလယ်သုံးကာခပ်ဖွဖွလေးညှစ်လိုက်သည်။

"အင်း...ဟင်း.."

ညီးညူလာတဲ့ရှောင်ကျန့်က ​ဘေးတ​စောင်းထိုင်​နေတဲ့ ဝမ်ရိ​​ပေါ်ကိုခြေ​ထောက်နဲ့နားရင်းပိတ်အုပ်ကာ တစ်ဖက်​စောင်းပြီးပြန်အိပ်သွားသည်။

ဝမ်ရိ​ပေါ်မှာ​တော့ နှာ​ခေါင်း​လေးညှစ်ကာညင်ညင်သာသာနှိုး​နေတုန်းက အ​နောက်ကချုံခုံနားရင်းပိတ်အုပ်မှုကြောင့် ​ရှေ့သို့ယိုင်ကျသွားရသည်။​ ခေါင်း​လေးပွတ်ကာပြန်ထ​တော့ ချစ်ရသူ​လေးက တစ်ဖက်လှည့်ကာပြန်အိပ်​နေ​လေပြီ။

"ကျန့်...ထ​တော့​လေ"

"အိပ်ချင်​သေးတယ်..."

ပုခုံး​လေးကိုလှုပ်နှိုး​တော့ အတင်းပုတ်ထုတ်ကာ ပြန်​ပြောသည်။ လက်မ​လျှော့ပါ။ ပုခုံးကိုင်လို့မရရင် တခြား​နေရာကိုင်မည်။

Bomiro & Julie Zhan [Completed]Where stories live. Discover now