{Uni}
ဥကြီးကြီးဥ...
မနက် ၆နာရီ ကြက်တွန်သံကြားသည်နှင့်
ရှောင်းကျန့်တို့ နိုး..နိုး..."ဆရာရှောင်းရေ!!!.....ထပါတော့ဗျာ!!!"
[Restart]
မနက်၆နာရီထိုးသည်နှင့် ကြက်ဖကတွန်ပေမယ့်
ကြက်ဖသာ တွန်ရလွန်းလို့ဖင်ပြဲ၍သေရင်သေမည်။ ရှောင်းကျန့်တို့ကတော့ ဖြုံကိုမဖြုံပေ။အိပ်နေတုန်းဆင်တက်နင်းလျှင်တောင် သိမည်မဟုတ်သလို ဖင်ထဲကြွက်ဝင်လျှင်လည်းသိမည်မဟုတ်။ ထိုကဲ့သို့ကုလားသေကုလားမောအိပ်နေသည့် ရှောင်းကျန့်ပင်။
ကြက်ဖရောအုယောင်ပါ မအော်နိုင်တော့ပေ။ ကြက်ဖကတော့ လက်လျော့ကာဖင်ခါပြီးထွက်သွားသော်လည်း အုယောင်ကတော့ဖင်မခါနိုင်။ ဒီကနေ့ သူကြီးကသူ့ကိုလယ်ထဲ
ပဲသွားကောက်လျှင် ရှောင်းကျန့်ကိုပါခေါ်သွားဖို့မှာထားသည်။"ဆရာရှောင်း ဆရာရှောင်းရေ!!"
ခြေကားယားလက်ကားယားနှင့် သွားရည်တွေကရေတံခွန်လိုစီးကျနေပြီးပါးစပ်ကြီးဟကာအိပ်နေသည် ရှောင်းကျန့်သည်sleeping beauty လိုလို။
"ဆရာရှောင်း!!!!"
"အမ်! ဟမ်! အိမ်မီးလောင်လို့လား"
အုယောင်က နားနားကပ်ကာဖင်ကုန်းအော်မှ
ဂယောင်ခြောက်ခြားနှင့်နိုးလာသည့်ရှောင်းကျန့်၏ချောမောမှုသည် လယ်ထဲကစာခြောက်ရုပ်လိုလို။"ဘယ်အိမ်မှမီးမလောင်ဘူး။ သူကြီးကဒီနေ့ ကျွန်တော်တို့နှစ်ယောက်ကိုပဲသွားကောက်ဖို့မှာထားလို့ ဆရာရှောင်းလိုက်ခဲ့ရမယ်"
"မသိဘူးကွာ။ ငါအိပ်ချင်သေးတယ်"
ပြောကာစောင်ပြန်ခြုံပြီးအိပ်ဖို့ပြင်နေသည့်ရှောင်းကျန့်ကိုအုယောင်ကအတင်းဆွဲထူသည်။
"ဆရာရှောင်းရယ် ကျွန်တော့်ကိုအကြပ်ရိုက်အောင်မလုပ်ပါနဲ့ထပါဗျာ"
"ပြီးရော ပြီးရော။ ဘာမှန်းမသိဘူးသူများအိပ်နေတာကို ရှီးဗားလ်!!"
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.