{Uni}
မနက်ဝေလီဝေလင်းအချိန်တွင် ဝမ်ရိပေါ် နိုးလာသည်။ ယခုထိရင်ခွင်ထဲအိပ်မောကျနေသေးသည့် ချစ်သူလေးကိုအသည်းယားနေရသည်မှာလည်း ဝမ်ရိပေါ် ရဲ့အလုပ်တစ်ခုပင်။
အပေါ်စီးကနေမှ ရှောင်ကျန့်ရဲ့ နှာခေါင်းလုံးလုံးလေးကိုသွားလေးနဲ့ကိုက်လိုက်တော့ နာသွားလို့ ညည်းညူရင်း ရှောင်းကျန့်နိုးလာသည်။ ဒါတောင်မျက်လုံးကအကုန်မပွင့်သေး။ တစ်ဝက်လောက်ပဲဖွင့်ပြီးဝမ်ရိပေါ်ကိုမော့ကြည့်ကာ ဘာမှမပြောဘဲရင်ခွင်ထဲအတင်းတိုးပြီးပြန်အိပ်သွားသည်။
"ကျန့်..."
ဝမ်ရိပေါ်အညင်သာဆုံး လေသံလေးဖြင့်ချော့နှိုးသည်။ သို့သော်ရှောင်းကျန့်ကတော့တုပ်တုပ်ပင်မလှုပ်။ ဝမ်ရိပေါ်လည်း သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ချစ်ရသူကိုမနှိုးရက်သည်ကတစ်ကြောင်း။ သူနှိုးလိုက်လို့ ချစ်ရသူလေးအိပ်ရေးပျက်မှာဆိုးသည်က တစ်ကြောင်း။ သူကိုယ်တိုင်လည်း ရှောင်းကျန့်ကိုဖက်ထားချင်သေးတာက တစ်ကြောင်း။
ဤသို့ဖြင့် အကြောင်းများစွာပေါင်းကာနဖူးပြင်လေးအားအနမ်းခြွေပြီးပြန်မှေးလိုက်သည်။
//////
ဝမ်ရိပေါ် ပြန်နိုးလာတော့ ၈နာရီတောင်ခွဲနေလေပြီ။ ဒီတစ်ခါတော့ အိပ်နေတဲ့ရှောင်းကျန့်ကို သူနှိုးလိုက်သည်။
"ကျန့်..ထတော့"
"...."
နှိုးမရတာကြောင့် ဝမ်ရိပေါ်ရှောင်းကျန့်နားလေးကိုလေဖြင့်မှုတ်လိုက်တော့ နည်းနည်းလှုပ်လာသည်။ ပါးပြင်လေးကိုမွှေးကြူလိုက်တော့ အသံထွက်လာသည်။
နောက်ဆုံးနှုတ်ခမ်းလေးကိုနမ်းလိုက်တော့ အသက်ရှူကြပ်လို့ထင်ပါ့ မျက်လုံးပါပွင့်ရင်းသူ့ရင်ဘက်ကို လက်လေးနဲ့အသာထုကာဖယ်ခိုင်းသည်။
ဝမ်ရိပေါ် ရှောင်းကျန့်ရဲ့အောက်နှုတ်ခမ်းလေးအားကိုက်ကာ လွှတ်ပေးလိုက်တော့
"အာ့!"
"နိုးပြီလား"
"မင်းလူမှဟုတ်ရဲ့လား။ ဘာလို့ကိုက်တာလဲ"
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.