{Uni}
ဝမ်ရိပေါ် နဲ့ရှောင်းကျန့် ယခုရွာနဲ့အနည်းငယ်အလှမ်းဝေးတဲ့ စျေးကိုရောက်နေကြသည်။ နှစ်ယောက်တည်းသွားဖို့ စီစဥ်ထားပေမယ့် မျန်မျန်က သူတို့နှစ်ယောက်ကြား ကန့်လန့်ကန့်လန့်နှင့် ပါလာသည်။
ဝမ်ရိပေါ် သိသိသာသာမျက်နှာပျက်ကာ သူ့ရှေ့မှာ စကားတပြောပြောတပြုံးပြုံးနဲ့ သူ့ကိုရှိတယ်လို့ကို မထင်တဲ့နှစ်ယောက်ကို တော်တော်ပေါက်ကွဲလာလေပြီ။ ဝယ်ထားတဲ့မုန့်ထုပ်မှန်သမျှကိုလည်းသူပဲဆွဲလာရသည်။
"ရှောင်းကော ရှောင်းကော။ ဟိုဆိုင်ကခေါက်ဆွဲဝင်စားရအောင်"
"အမ်...မနက်စာစားတာ မဝလို့လား"
"မဟုတ်ပါဘူး။ လမ်းလျှောက်တာကြာတော့ ဗိုက်ချောင်သွားလို့ပါ"
"အဲတာဆို သွားစားကြမယ်လေ"
နှစ်ယောက်သား ဆိုင်ထဲဝင်သွားတော့လည်း
ဝမ်ရိပေါ်မှာသူတို့နောက်လိုက်ရသည်။ ဆိုင်ထဲရောက်တော့ ခုံပေါ်အထုပ်တွေတင်ကာ ဝမ်ရိပေါ် လျှာထွက်နေလေပြီ။ အထုပ်တွေကနည်းနည်းနောနောမဟုတ်။ ဒါကိုသူတို့ကတစ်ချက်တောင် ငဲ့မကြည့်ဘဲ သွားချင်ရာသွားနေတော့ သူ့မှာ အမှီလိုက်ရတာမမောဘဲမနေ။ဝမ်ရိပေါ် ပုံစံကိုကြည့်ပြီး ရှောင်းကျန့်နည်းနည်းတော့ အားနာမိသွားသည်။ မနက်ကကိစ္စကို ရှက်ရမ်းရမ်းပြီးစကားမပြောမိလိုက်တာ သူ့ကို လစ်လျူရှုသလိုဖြစ်သွားရသည်လေ။ ထို့ကြောင့် အထုပ်တွေကိုတစ်ဖက်ရွှေ့ကာ ဝမ်ရိပေါ်ဘေး ဝင်ထိုင်လိုက်သည်။
စားပွဲထိုးကောင်လေးကို မျန်မျန်ကခေါက်ဆွဲမှာနေသည်။ ဝမ်ရိပေါ်အတွက်တော့ ရှောင်းကျန့်ပဲ မှာပေးလိုက်သည်။
"ညီလေး ကောကိုcolaတစ်ဗူးအရင်ချပေးနော်"
ရှောင်းကျန့်အပြောကို စားပွဲထိုးကောင်လေးက ခေါင်းညိမ့်ပြကာ ခနနေတော့လာချပေးသည်။ ရှောင်းကျန့် ဝမ်ရိပေါ်ကို colaဗူးဖောက်ကာ ပေးတော့ ဝမ်ရိပေါ်ကမယူပေ။ ထို့ကြောင့် ရိပေါ် သူ့ကိုလစ်လျူရှုထားလို့ စိတ်ဆိုးနေမှန်း သိလိုက်သည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.