{Uni}
နောက်တစ်နေ့မနက် မနက်စာစားပြီးသည့် အချိန်တွင် ဝမ်ကတော်ကစကားစလာသည်။
"သူကြီးရေ ကျွန်မတို့ဒီအပတ်ပိတ်ရက်လောက် ပြန်မလို့။ အဲ့တာသားကျန့်တို့မင်္ဂလာကိစ္စကို ရွာမှာလုပ်မလား မြို့မှာလုပ်မလားလို့"
"ပြန်ကြတော့မှာလား။ မင်္ဂလာကိစ္စကတော့ ဝမ်ကတော်တို့ဘက်က အဆင်ပြေသလိုလုပ်ပါ။ ဘယ်လိုအစီစဥ်ရှိလဲဗျ"
"ကျွန်မကတော့ မြို့ပေါ်မှာဆောင်စေချင်တယ်။ ရွာကသူတွေကိုတော့ ကားတွေစီစဥ်ပေးမယ်လို့ တွေးထားတယ်"
"ကားစီစဥ်ပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့"
"ဟုတ်ပါပြီရှင်။ သားကျန့်လေးကိုစောင့်ရှောက်ပေးမှာမို့ သူကြီးကိုလည်းစိတ်ချပေးဖို့ တောင်းဆိုပါရစေ"
"မလိုပါဘူးဗျာ။ ကျွန်တော့်သားကိုဂရုစိုက်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပြီးသားပါ။ ပြောမရဆိုမရဖြစ်ရင်တော့ ရိုက်သာရိုက်ဗျာ။ စိတ်မဆိုးဘူး"
"အမလေး..မရိုက်ရက်ပါဘူး။ သားကျန့်ကလိမ္မာပါတယ်"
"ထင်လို့ပါဗျာ။ သူကကုပ်ကမြင်း"
ဧည့်ခန်းထဲပွဲကျနေတဲ့လူကြီးတွေကို အိပ်ခန်းထဲမှာနိုးနေတာကိုမထကြဘဲ ချစ်ကြည်နူး တစ်တီတူးနေတဲ့အတွဲက အာရုံရမည်မထင်။
"ရိပေါ် အရမ်းမကိုက်နဲ့လေ။ အရာတွေထင်ကုန်ရင် လူကြီးတွေရှေ့မှာမကောင်းဘူး"
"အဲဒါဆိုလည်ပင်းကို မကိုက်တော့ဘူး"
ခန္ဓာကိုယ်တစ်ခုလုံးတက်ဖိထားပြီး လည်တိုင်ကို ကိုက်လိုက်နမ်းလိုက်လုပ်နေတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်အင်္ကျီကိုရင်ဘက်နားထိဆွဲတင်ကာ ချယ်ရီသီးလေးတွေကို လျှာဖြင့်လျက်လိုက်သည်။
"အင်း..ဟင်း.."
ရှောင်းကျန့်အသံတွေထွက်လာကာ ဝမ်ရိပေါ်ရဲ့ ဆံပင်တွေကို လက်ဖြင့်ထိုးဖွလာသည်။
"သားတို့ရေ ၉နာရီကျော်နေပြီထကြတော့လေ"
အခန်းပြင်ကနေလှမ်းအော်လိုက်တဲ့ ရိပေါ်မားကြောင့် ရှောင်းကျန့်လန့်သွားသည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.