{Uni}
လယ်ထဲတွင်အုယောင်ကို သွားကူပေးပြီးတစ်နေ့ခင်းလုံး စားလိုက် အိပ်လိုက်။ ခြံထဲ စလိုက် နောက်လိုက်။ အိမ်နောက်တွင် ဘယ်သူမှမသိအောင်ချစ်ကြည်နူးလိုက် လုပ်နေသည့် သားရည်းစားနှစ်ယောက်က ညနေခင်း၅နာရီကျော်လောက်တွင် ရေမိုးချိုးကာလမ်းထွက်လျှောက်ဖို့ ပြင်ဆင်နေသည်။
တစ်နေ့လုံး ခိုးကြောင်ခိုးဝှက်ချစ်ကြည်နူးရတာအားမရသေးဘူးထင်ပါ့!
"မား သား ကျန့်နဲ့အတူလမ်းလျှောက်ထွက်လိုက်ဦးမယ်နော်"
"အေးပါကွယ် အရမ်းမမှောင်စေနဲ့ဦးနော်"
"ဟုတ်"
ဝမ်မားကိုပြောခဲ့ပြီး သွားဖူးနေကျရွာပြင်ကမြစ်နားလေးကို လမ်းချင်းတွဲကာလမ်းလျှောက်ဖြစ်သည်။
သူတို့နှစ်ယောက်ကိုမြင်ပြီး ရွာထဲကသူတွေကတော့ အံ့သြနေကြမည်မှာမဆန်းပေ။ ဇာတ်ပွဲညက သူတို့နှစ်ဦးရဲ့ kiss sceneကို live ကြည့်ခဲ့ရပြီး ယခုတစ်ခါလက်ချင်းတွဲကာသူတို့ရှေ့က
ဖြတ်သွားတာကို မြင်လိုက်ရသည်မဟုတ်ပါလား။ငေးရင်း၊ ပြုံးရင်း၊ ရယ်ရင်း၊ မောရင်းနဲ့ တစ်လမ်းချင်းလျှောက်လာသည်မှာ ရွာပြင်ကမြစ်နားထိတောင်ရောက်လာလေပြီ။
ခြေဆင်းကာထိုင်ချလိုက်တဲ့ ရှောင်းကျန့်ရဲ့ပေါင်ပေါ်ကို ဝမ်ရိပေါ်ခေါင်းအုံးလိုက်သည်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ခေါင်းရဲ့ ဆံစလေးကိုကစားနေသည်။
"ကျန့်..."
"ဟင်.."
"ကျန့် သိလား..."
"ဟင့်အင်း...ရိပေါ်မှဘာမှမပြောရသေးတာ"
ရှောင်းကျန့်ရဲ့အဖြေကြောင့် ဆက်ပြောရမယ့်ဝမ်ရိပေါ်နင်သွားသည်။ နည်းနည်းလောက် ro ပါရစေလားကွာ။
"ကိုယ်ပြောမယ်လေ။ ကျန့်ကစကားဖြတ်ပြောတာကို"
"အာ..အဲ့လိုလား။ ဒါဆိုလည်းပြော"
ဝမ်ရိပေါ် လွင့်သွားတဲ့feelလေးကို မနည်းပြန်ဖမ်းကာပြောမည်ကြံလိုက်သည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.