{Uni}
အခန်းထဲရောက်သည်နှင့် ကုတင်ပေါ်ပစ်လှဲတဲ့သူက တစ်လမ်းလုံးအိပ်လာသည့်ရှောင်းကျန့်ဖြစ်၏။
"အိနေတာပဲ"
"မအိပ်နဲ့ဦးနော် ညစာစားပြီးမှအိပ်"
"......"
အသံပြန်မလာသည်က တမင်ပြန်မဖြေသည်လား အိပ်ပျော်သွားသည်လားသူမသိ။
ဝမ်ရိပေါ် ကုတင်ပေါ်ကိုတင်ပါးလွှဲထိုင်ကာ မှောက်လျက်လေးအိပ်နေသည်မို့ ပါးဖောင်းဖောင်းလေးကပိနေပြီး နှုတ်ခမ်းလေးဆူထွက်နေတဲ့ရှောင်းကျန့်ကို အသည်းယားစွာနမ်းလိုက်တော့တွန့်လူးလာသည်။
"အိပ်ချင်ယောင်ဆောင်မနေနဲ့တော့။ ရေချိုးရမယ်ထ"
"အွန်း.."
မျက်နှာကိုတစ်ဖက်လှည့်ကာ ကျောပေးအိပ်နေပြန်တဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်အကြံဆိုးကြီး ဝင်လာသည်။
ဘေးတစောင်းကျောပေးအိပ်နေတဲ့ ရှောင်းကျန့်နောက်ဝင်လှဲလိုက်ကာ ခါးသွယ်သွယ်ကို တင်းတင်းဖက်ပြီး လည်တိုင်တလျှောက်နမ်းလိုက်သည်။
"ရိပေါ် ဖယ်ကွာ။ ခနပဲမှေးမှာ"
"မရဘူး ၆နာရီထိုးတော့မယ်။ ထပ်အိပ်ရင်နေမကောင်းဖြစ်လိမ့်မယ်"
"....."
ရတယ်လေ။ စကားနားမထောင်တော့လည်း အပြစ်ပေးရမှာပေါ့။
ရှောင်းကျန့်ခါးအားဖက်ထားသည့် ဝမ်ရိပေါ်လက်သည် အင်္ကျီထဲဝင်ကာအသီးလေးရှိသည့် နယ်ပယ်တစ်ဝိုက်ကိုပွတ်သပ်တာတောင် နည်းနည်းမှမလှုပ်တဲ့ရှောင်ကျန့်က ရွာမှာထဲကကျင့်သားရနေလို့မဖြုံတော့သည်လား။
ဒါဆို နောက်တစ်နေရာပြောင်းကိုင်မှာပေါ့။
အင်္ကျီထဲကလက်တွေကို အောက်ပိုင်းသို့ရွှေ့ကာ သူအမြဲပစ်မှားနေသည့် အဖိုးတန်လေးဆီသို့ နေရာယူလိုက်သည်။ အပြင်ကနေပဲအားရပါးရ ဆုပ်နယ်လိုက်တော့ ပုခုံးလေးတွန့်သွားတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်သဘောကျသည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.