{Uni}
ယနေ့မနက်တွင်လည်းရှောင်းကျန့် အားရီနဲ့ အတူစျေးလိုက်သွားသည်။ ပါးတို့ကညနေလောက်မှရောက်မည်ဟုဖုန်းဆက်သည်ကြောင့် ချက်ပြုတ်နေခြင်းဖြစ်သည်။
အားရီကသူပဲချက်ပါ့မယ်ဟု ပြောသော်လည်း
Onlineကဟင်းချက်နည်းတွေကြည့်ပြီး ချက်ပြုတ်တာကို သူသဘောကျလာတာမို့ဝိုင်းကူမိသည်။"အယ်! မေ့တတ်လိုက်တာ ကြက်သားဟင်းထဲထည့်ဖို့ နံနံပင်မေ့ခဲ့တယ်။ ခနနေဦးနော် သားကျန့်လေး အားရီသွားဝယ်လိုက်ဦးမယ်။ ရိပေါ်လေးက နံနံပင်ကြိုက်တော့ ဟင်းချက်တိုင်းထည့်ပေးရတယ်။ ဒီနေ့မှအားရီလည်းမေ့သွားရတယ်လို့ကွယ်"
"ရတယ်..ရတယ် ကျွန်တော်သွားဝယ်လိုက်မယ်"
"မဟုတ်တာကွယ်။ အားရီကမုန်လာဥလေးပါ ဝယ်မလို့။ အဲတာကြောင့် အားရီပဲသွားလိုက်မယ်။ ရိပေါ်လေးသိရင် အားရီကို စိတ်ဆိုးနေဦးမယ်"
"ရပါတယ် အားရီကလည်း။ ဝမ်ကမနိုးသေးဘူး။ ကျွန်တော်စက်ဘီးနဲ့သွားမှာ မြန်မြန်ပြန်လာခဲ့မယ်"
"ဖြစ်ပါ့မလား သားရယ်"
"ရပါတယ်ဆို အားရီရယ်"
ရှောင်းကျန့် မီးဖိုခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲကဝမ်မားက စာရင်းစာအုပ်တွေစစ်နေရင်းလှမ်းမေးသည်။
"သားကျန့် ဘယ်သွားမလို့တုန်း"
"ဟင်းချက်ဖို့ အမယ်တွေကျန်ခဲ့လို့ မား"
"အားရီသွားဝယ်မှာပေါ့ကွယ်။ သား မသွားပါနဲ့"
"ကျွန်တော် စက်ဘီးစီးချင်လို့ပါ။ ခနပါပဲ ..နော်နော်"
မျက်နှာငယ်လေးနဲ့ သွားဖို့ပြောနေတဲ့သမက်လောင်းလေးကို ဝမ်ကတော်ငြင်းရလည်းခက် တစ်ယောက်တည်းလွှတ်ရမှာလည်းစိတ်မချဖြစ်နေသည်။ မနက်အစောကြီးတည်းကအမျိုးတစ်ယောက်ဆေးရုံတင်ရလို့ဆိုကာ နေ့တစ်ဝက်ခွင့်ယူသွားတဲ့ ကျိကော( ခြံစောင့် )ကိုပဲ ခွင့်ပေးမိလို့ နောင်တရမိသည်။
"တကယ်ခနပဲနော်။ ရိပေါ် နိုးရင် သားကျန့်ကို
မတွေ့လို့သောင်းကျန်းနေမယ်"
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.