{Uni}
ဝမ်ရိပေါ် ကားတောင်စက်မသတ်နိုင်တော့ဘဲ ရဲစခန်းထဲအပြေးအလွှားဝင်သွားတော့
အမှုစစ်ရဲရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့လူနှစ်ယောက်ထဲကမှ တစ်ယောက်ကသူ့ရဲ့ ချစ်ရသူ။"ကျန့်!"
ဝမ်ရိပေါ်အသံကြားတော့ ရှောင်းကျန့်ဝမ်းသာအားရ နောက်လှည့်ကြည့်ကာစတင်ငိုတော့သည်။ မျက်ရည်မထွက်ပေမယ့်လည်း ဝမ်ရိပေါ်ကတော့ ငိုတယ်ဟုသာယူဆသည်။
"ဝမ်! အီး!!ဟီး!!!"
ရှောင်းကျန့်ငိုတော့ ဝမ်ရိပေါ်လည်းထိုင်နေတဲ့ ရှောင်းကျန့်နားသွားကာ ရင်ခွင်ထဲထည့်လိုက်တော့ တအင့်အင့်နဲ့ရှိုက်နေသေးသည်။
အမှုစစ်ကတော့ သူ့ကိုမြင်ပြီးအနည်းငယ် တုန်လှုပ်သွားသည်။ သေချာကြည့်တော့မားတို့ အပေးအကမ်းနဲ့မလွတ်တဲ့လူကြီး။ ထိုလူကသူ့ကို နှုတ်ဆက်ချင်နေသည့်ပုံဖြစ်နေသော်လည်း
သူ့ရဲ့မျက်ထောင့်နီနဲ့ကြည့်တဲ့ အကြည့်ကြောင့်
ပါးစပ်ပိတ်နေသည်။ဘေးကိုကြည့်လိုက်တော့ မျက်လုံးတစ်ဖက်ကနီရဲကာဖောင်းနေပြီး နှာခေါင်းကလည်းဂွမ်းဆို့ထားသေးသည်။ ထိုင်နေတဲ့ပုံစံကလည်း အောက်ပိုင်းကို ပိုကျုံ့ထားကာထိုင်နေသည်။ မသိလျှင် ဟိုဟာအကန်ခံထားရသည့်ပုံစံနှင့်။
ထိုလူရဲ့ဒဏ်ရာတွေမြင်တော့မှ ရင်ခွင်ထဲကရှောင်းကျန့်ကိုပြန်ထုတ်ကာ မျက်နှာတွေလက်တွေတစ်ကိုယ်လုံးဒဏ်ရာလိုက်ရှာတော့ တအင့်အင့်ရှိုက်နေသည်ကလွဲလို့ ဘာဒဏ်ရာမှမတွေ့သည်ကြောင့် စိတ်အေးသွားရသည်။
"ဘယ်လိုဖြစ်ကြတာလဲ!"
ဝမ်ရိပေါ်ရဲ့ အကြည့်စူးစူးနဲ့လေသံမာမာကြောင့် အမှုစစ်က သူ့ကိုပြေပြေလည်လည်လေးပြန်ပြောသည်။
"ဒီက သူဌေးလေးရိပေါ်ရဲ့ ညီလေးက ဒီအရှေ့ကစျေးရုံမှူးကို စက်ဘီးခိုးတယ်ထင်ပြီး ထုရိုက်တာပါ"
"မဖြစ်နိုင်ဘူး ကျန့်က.."
သူပြောနေတုန်း သူ့ကိုလက်လေးကုပ်ကာ မျက်နှာငယ်လေးနဲ့မော့ကြည့်တဲ့ရှောင်းကျန့်ကြောင့် သဘောပေါက်ကာပြောမယ့်စကားပါ ပျောက်သည်။
YOU ARE READING
Bomiro & Julie Zhan [Completed]
Fanfiction||201228|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction The love story of a rich boy and the village chief's son.