part-1

4.8K 114 5
                                    

အက်ဆစ်ချိုအချစ်ပြင်း
part-1
        ဝမ်ကြယ်ကျွန်း(ခေါ်)ကျားပါးစပ်ကျွန်းကတရုတ်ပြည်မကြီးရဲ့လူသူအရောက်အပေါက်နည်းလှတဲ့သီးခြားတည်ရှိနေတဲ့ကျွန်းကြီးတကျွန်းပါ

ဒဏ္ဍာရီလာမဟုတ်ပေမဲ့လူတွေရဲ့ပါးစပ်ဖျားမှာတော့ကျားပါးစပ်ကျွန်းကိုရောက်သွားကြတဲ့သူတိုင်းကျားပါးစပ်ထဲဝင်သွားရသလိုအဝင်သာရှိပြီးပြန်လာခွင့်မရှိတော့တဲ့ပြန်လမ်းမဲ့ကျွန်းအဖြစ်သိမြင်ထားကြတယ်

ဒါကြောင့်ရေကိုထုံးလိုမွှေရေလိုနောက်လောက်အောင်ကျွမ်းကျင်လှပါတယ်ဆိုတဲ့ရေမုဆိုးငါးဖမ်းသမားတွေတောင်ကျွန်းနားကပ်ဖို့မဆိုထားနဲ့အဝေးကမြင်ရင်ကိုဘဲတိတ်တဆိတ်နဲ့ရှောင်ကွင်းသွားတတ်ကြတယ်

ဝမ်ကြယ်ကျွန်းကပိုင်ရှင်မဲ့ကျွန်းတကျွန်းတော့မဟုတ်ရပါ
ကျွန်းပိုင်ရှင်သူဌေးကလဲအများထင်မြင်ယူဆထားသလိုအသက်ခပ်ကြီးကြီးလူကြီးတယောက်လို့တွေးထင်ထားလိုက်ရင်အမှားကြီးမှားအလွဲကြီးလွဲသွားပါလိမ့်မယ်

ဝုန်း......ကြည်လင်ပြာလဲ့နေတဲ့ရေကူးကန်လေးထဲကိုကျွမ်းကျင်စွာခုန်ဆင်းလိုက်ရင်းနဲ့ငါးဖြူလေးတကောင်လိုဟိုဆီဒီမှကျင်လည်စွာရေကူးရင်းအပန်းဖြေနေမိသူကဝမ်ကြယ်ကျွန်းရဲ့ကျွန်းပိုင်ရှင်သူဌေးလေးဝမ်ရိပေါ်

ရေထဲမှာစိမ်ပြေနပြေအားရအောင်ကူးခတ်နေပြီးမှကန်ဘောင်ပေါ်သို့အသာလေးပြန်တက်ခဲ့လိုက်တယ်

ဖုထစ်ကြွရွနေတဲ့ကြွက်သားအလှတွေနဲ့ဗလာကျင်းနေတဲ့ခန္ဓာအပေါ်ပိုင်းလေးကိုတဘက်ဖြူလေးနဲ့ရေစင်အောင်သုတ်လိုက်ရင်းဆံစမှာခိုဝဲနေတဲ့ရေစင်ရေပေါက်လေးတွေကိုခပ်ကြမ်းကြမ်းလေးခါရမ်းထုတ်ပစ်လိုက်တယ်

တစ်....တောက်.....ဝင်လာတဲ့ဖုန်းmessageအသံကြောင့်ရိပေါ်ဖုန်းစခရင်ကိုဆွဲဖွင့်ကြည့်လိုက်မိတယ်

ခြေရာခံထည့်ထားတဲ့အရာလေးတခုကတရွေ့ရွေ့နဲ့ဝမ်ကြယ်ကျွန်းရဲ့တနေရာကိုရွေ့လျားနေတာကိုတွေ့လိုက်ရတယ်

ရိပေါ်သူ့နှုတ်ခမ်းထောင့်လေးကိုတချက်ကွေးညွတ်လိုက်ပြီးအဆင်သင့်ရှိနေတဲ့တီရှပ်နဲ့ဘောင်းဘီကိုခပ်မြန်မြန်လေးကောက်ယူဝတ်လိုက်တယ်

အက်ဆစ်ချိုအချစ်ပြင်း (completed)Onde histórias criam vida. Descubra agora