Zawgyi
"အင့်!"
ကလေးငယ်အားမလွတ်တမ်းတင်းတင်းဖတ်ထားမိ
သည်၊ပထမဦးဆုံးအကြိမ်ပျော်ရွှင်မှုဆိုတဲ့အရာကို
ရှောင်ကျန့်ကမျက်ရည်များနဲ့အတူထိထိမိမိခံစားမိ
ခဲ့သည်။"ဟင့် "
ပွေ့ဝှိက်ထားတဲ့လက်မောင်းကြားထဲမှကလေးငယ်ရဲ့အသံပိစိလေးကြောင့်ခပ်တင်းတင်းဖတ်ထားမိသောအရှိန်ကိုတဖြည်းဖြည်းလျော့ချလိုက်ရင်း...စကားစရန်ပြင်လိုက်သည်။
"အင်းခဏနော်၊ငါ... အင်း.. ဘယ်လို... ဟို..."
ထစ်ထစ်ငေါ့ငေါ့နှင့်တောင်စဉ်မရတဲ့စကားလုံးတွေ
ကရှောင်ကျန့်ဘယ်လောက်စိတ်လှုပ်ရှားနေလဲဆိုတာ
သက်သေ၊ရင်တွေတလှပ်လှပ် ဖြင့်စိတ်လှုပ်ရှားလွန်နေတဲ့မိမိပုံစံကို ကလေးငယ်ကကြောင်အအလေးကြည့်နေလေရဲ့"ခြေထောက်ကကျင်သွားတာမို့ခဏနေပျောက်သွား
မှာပါ၊အရင်ဆုံးနေ့လည်စာသွားစားရအောင်၊ဗိုက်ဆာနေပြီမလား""............."
"ရိပေါ်ခေါင်းမငြိမ့်ပြဘဲ "ဟုတ်ကဲ့"ဆိုပြီး
အသံထွက်ပြီးပြောကြည့်ပါလား။"မျှော်လင့်တကြီးတောင်းဆိုနေပေမယ့်လည်း အင်တင်တင်ဖြင့်ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။
တကယ်ပါဝမ်ရိပေါ်ကတော့်တော့်ကိုဂျစ်တစ်တစ်နဲ့
ရယ်၊ခုနကသူစကားပြောနိုင်တာကိုရှောင်ကျန့်ကနား
နဲ့သေချာကြားထားတာမဟုတ်ဘူးဆိုရင်ကိုယ့်ကို
ကိုယ်ရူးနေတယ်လို့သာထင်မိမှာ"ထားလိုက်တော့၊မင်းမပြောချင်လဲနေ
သွားကြမယ်၊"ကြမ်းပြင်တွင်ထိုင်လျက်သားခန္တာကိုယ်လေးအားချီယူလျက်ဆိုင်ဘက်သို့ဦးတည်လာခဲ့သည်။
အချိန်ကတစ်နာရီခွဲလောက်တောင်ရှိပြီကိုဆိုင်ကလူ
ကျနေတုန်း၊စိတ်ရှုပ်သလို သက်ပြင်းတစ်ချက်ချလိုက်ပြီး...."တူလေးရှောင်းး"
အကယ်ရ်ျနောက်ဘ၀များရှိခဲ့ရင်ဆွေမရှိမျိုးမရှိမွေးလာတဲ့သူဖြစ်ရပါစေလို့ ရှောင်ကျန့်အမြဲဆုတောင်းနေခဲ့တာ
"တူလေးရှောင်းမလား၊ဟယ်ကြည့်ကောင်းလာလိုက်တာ"
ခန္တာကိုယ်အားအစုံချည်ဆန်ချည်ကြည့်လို့သူမက
မြှောက်ပင့်စကားဆိုလာသည်၊မရိုးသားတဲ့မျက်ဝန်းတွေကြောင့် ရှောင်ကျန့်မျက်နှာကိုမာသထက်မာထားမိတယ်။