Adopted by xiao3(Uni+zaw)

2.8K 279 17
                                    

ထူးထူးဆန်းဆန်းတရားမ၀င်သားလေးကိုဖုန်းတွေဘာတွေဆက်လို့နေပါလား။၊ရွဲ့စရာဘာအကြောင်းမှမရှိဘူး
ဒီဖုန်းနံပါတ်ကိုဘယ်လိုရတာလဲ ဆိုတာရော ကျွန်တော်မေးသင့်လား"

"________"

"ဒါကတော့ကျွန်တော့်ကိစ္စပါ၊ဒီနေရာဒီအ‌ခြေအနေအထိကိုယ့်အားကိုယ်ကိုးပြီးတက်လာတာ ဖြစ်တဲ့အ
တွက်ခင်ဗျားတို့ရဲ့အမိန့်တွေကိုနာခံစရာမလိုဘူး
လို့ထင်တာဘဲ မဟုတ်မလား ဟက်..
"
မိမိ၏လှောင်ရယ်သံကြောင့် တစ်ဖတ်မှ
ဖုန်းကိုချက်ချင်းချပလိုက်သည်၊ဒါလဲအေးတာလဲ
တစ်နေ့တာကိုကောင်းကောင်းဖြတ်သန်းမယ်ဆိုမှ အနှောင့်တွေက မိုးလငျးလင်းချင်းဝင်လာသည်။

ရှောင်ကျန့်ကသူတို့ပြောသလို သုံးစားမရတဲ့သူဟုတ်မဟုတ်တော့မသိဘူး
အောက်ခြေကနေတစ်ဆင့်ခြင်းတက်လာတာဖြစ်တဲ့
အတွက်ဖြတ်လမ်းနည်းလိုက်ပြီးအလကားဘ၀င်
ဟိုက်နေတဲ့ သူတို့တို့ရဲ့တရားဝင်သားတွေထက်တော့အခြေခိုင်မှာပါ။

အာ.....မေ့နေလိုက်တာ၊‌ရှောင်ကျန့်ရဲ့မျက်လုံးပြာလေးဆီသွားရဦးမှာဘဲ။

မျက်လုံးပြာလေးဆီကိုသွားဖို့အတွက်ရှောင်ကျန့်က
အလုပ်တွေအကုန်ဖျက်ထားရတယ်၊အဲ့ဒီ့လောက်
ထိသူက ရှောင်ကျန့်အပေါ်သက်‌ရောက်မှုရှိတယ်။

ကားသော့လေးကိုလက်ညိုး‌ဖြင့်ရမ်းကာဦးတည်ရာဖြစ်တဲ့အပြာမျက်လုံးပိုင်ရှင်လေးဆီသို့။

ကားတစ်စီးဝင်ဖို့တောင်လမ်းကလေးကလုံလုံလောက်လောက်မကျယ်ဝန်းခဲ့..ရှောင်ကျန့်ကားကိုလမ်းထိပ်တွင်သာထားခဲ့ပြီးခြေလျင်ဖြင့်သာလျောက်လာခဲ့သည်။

လူဆင်းရဲရပ်ကွက်ဖြစ်တဲ့အတွက်ကြောင့်လူသွားလမ်းဟာချိုင့်များဖြင့်ကွဲအက်နေပြီး၊မိုးရာသီ ရောက်နေပြီဖြစ်တာကြောင့်၊ ချိုင့်ခွက်တွေကဗွက်အိုင်လိုမျိုးဖြစ်နေသည်
ကောင်လေးမင်းအတွက်ငါဘယ်လောက်စွန့်စားခဲ့လဲ
ဆိုတာငါ့ဖိနပ်ကိုကြည့်ပြီးမင်းသိနိုင်တယ်။
ရုံရုံမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့leatherဖိနပ်
လေးဟာတော့ရွှံ့တလူလူဖြင့်....

မကျယ်မ၀န်းအနေထားဖြင့်ရှိသောတစ်ထပ်အိမ်က‌
လေးမှာထူးထူးခြားခြားလူ‌တွေရုတ်ရုတ်သဲသဲဖြစ်
နေခဲ့တယ်။‌ကလေးလေးတစ်ယောက်ကလည်းထိုလူတွေနဲ့ဝေးရာတစ်နေရာမှာဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်
ကာထိုင်နေလေရဲ့။

<Adopteđ by xiao>Where stories live. Discover now