Adopted by xiao6(zaw+uni)

2.5K 282 36
                                    

Zawgyi

အိမ်မှာကျန်နေခဲ့တဲ့အဂျစ်ကောင်လေးကိုစိတ်မချနိုင်စွာဖြင့်၊အိမ်သို့တစ်ကျော့ပြန်လာခဲ့ရပြန်ပြီ။

အသက်ငယ်တုန်းကကိစ္စမရှိသေးပါဘူး၊အရွယ်နည်း
နည်းရောက်လာမှသာစိတ်ပူရမှာ၊ပြီးတော့ရိပေါ်က
စိတ်ပိုင်းဆိုင်ရာကနည်းနည်းအားနည်းတော့ပိုဆိုးသွားမှာစိုးလို့ ရှောင်ကျန့်ဘက်ကတစ်ထစ်လျော့ရမယ်...

သူသက်ပြင်းတစ်ချက်ချလိုက်ကာ ကားကိုအပြင်၌ထားခဲ့ပြီး အိမ်ထဲဝင်လာလိုက်သည်။

"ရိပေါ်..!"

မိမိမှအော်ခေါ်နေသော်လည်း၊ကလေးငယ်
ဆီကပြန်ထူးသံတစ်ခွန်းတစ်စွန်းတစ်စတောင်မကြားရပါ။

ကိုယ့်အတွေးကြောင့်ကိုယ့်ကိုယ်ကိုယ်ရူးနှမ်းနေပြီလားတောင်ထင်မိတော့မည်။

ပြန်ထူးသံဘယ်ကြားရမလဲ၊ကလေးငယ်ကစကားမှ
မပြောတတ်ဘဲ။

"ရိပေါ်ပုန်းမနေနဲ့၊ထွက်ခဲ့!"

အောက်ထပ်တစ်ထပ်လုံးရှာတာနှံ့နေပြီ၊အပုန်းကောင်းလွန်းတဲ့ကလေးငယ်ကိုရှာမတွေ့သေး၊ သူ့စိတ်တွေကိုလည်း ဒီထက်ရှည်အောင် ဆွဲဆန့်ထားဖို့ရာလည်း ဘယ်လိုမှမတတ်သာ။

"၀မ်ရိပေါ်မင်းဘယ်မှာလဲဟမ်..!"

ရှောင်ကျန့်ရဲ့အော်သံကတစ်အိမ်လုံးကြားဖို့လုံလောက်ခဲ့ပါတယ်၊ဘာ‌ကြောင့်များကလေးငယ်ကမကြား
တာပါလဲ၊မဟုတ်မှ....

ရှောင်ကျန့်‌လှေကားထစ်‌တွေကို‌ကျော်လို့‌နောက်ဆုံး‌
မျှော်လင့်ချက်ဖြစ်တဲ့အပေါ်ထပ်ကအခန်းရှိရာသို့
အမြန်တက်လာခဲ့လိုက်သည်၊ဒါပေမယ့် လစ်ဟင်းနေတဲ့အခန်းက ရှောင်ကျန့်မျှော်လင့်ထားသလိုမဟုတ်ခဲ့ပါ

"၀မ်ရိ..."

လသာ ဆောင်နှင့်ဆက်ထားသည့် တံခါးကိုအလျင်အမြန်ဖွင့်လို့၊မင်းရှိပါစေလို့
ဆုတောင်းရုံရှိသေးတယ်၊ပွင့်ဟနေတဲ့ တံခါးက ရှောင်ကျန့်ကို ဘယ်လိုမျိုးဖြစ်စေချင်နေတာလဲ

ရှောင်ကျန့်ကမယုံနိုင်သေးဘူး၊နှစ်ထပ်ရှိတဲ့ဒီလောက်
အမြင့်ကနေကလေးငယ်ကဘယ်လိုဖြစ်လို့ထွက်‌ပြေး
သွားနိုင်တာလဲ၊ဒါပေမဲ့တိတ်ဆိတ်ရှင်းလင်းနေတဲ့
ဒီအိမ်ကြီးက၊ကလေးငယ်မရှိဘူးဆိုတာသက်သေ
ပြနေသည်....

<Adopteđ by xiao>Where stories live. Discover now