zawgyi
ဆန်ပြုတ်သာက်ပြီးလို့သူ့ဗိုက်လေးကိုကိုင်ကာကုတင်
ပေါ်မှာပုံ့ပုံ့လေးထိုင်နေတယ်၊တချက်ချက်ကျရင်
လေချဉ်ကတက်လိုက်သေး၊တတ်လည်းတတ်နိုင်
လွန်းတယ်....ရှောင်ကျန့်အားလှန်ကြည့်လာတဲ့မျက်ဝန်းတွေကလည်းတဖန်ရဲတင်းလွန်းနေပြန်၏။
"ရိပေါ်ခွေခေါက်မနေနဲ့၊အူခေါက်သွားမယ်။"
"ဟင်းးးးး"
သက်ပြင်းလေးချကာရှောင်ကျန့်ကို" ပြောပြန်ပြီ" ဆို
တဲ့အကြည့်နဲ့ကြည့်နေပြန်ပြီ။"၀မ်ရိပေါ်"
သူ့နာမည်ခေါ်လိုက်တော့ပေစောင်းစောင်းကြည့်လာ
တဲ့မျက်ဝန်းတစ်စုံ၊နှုတ်ခမ်းလုံးလုံးလေးကလဲတဖြည်းဖြည်းဆူထော်လာရော၊နှုတ်ခမ်းဆူတာတော့
ဟုတ်ပါပြီ၊ဒါပေမဲ့ပါးကြီးကဖောင်းစရာလိုလို့လား"ရိပေါ်အဲ့ဒီရုပ်ကဘာဖြစ်နေတာလဲ"
"ဟွန့်"
မျက်စောင်းထိုးသွားတယ်၊ရှောင်ကျန့်လိုလူကိုဒီက
လေးကမျက်စောင်းထိုးသွားတယ်၊စိတ်တိုရမဲ့အစား
ရှောင်ကျန့်ရဲ့နှုတ်ခမ်းအစွန်းဖက်လေးနှစ်ဖက်ကကွေး
ညွတ်သွားသည်။"ဟား..."
သ ဘောကျသလိုရယ်နေတဲ့မိမိကိုကုတင်ပေါ်က၊
ကလေးငယ်ကစိတ်ပျက်သည့်အမူအယာဖြင့်နှာခေါင်းရှုံ့ကာကြည့်နေတော့ရယ်လက်စအရှိန်ကိုအမြန်သတ်ရသည်၊ကိုယ့်ကိုဒီကလေးမလေးစားတာမျိုးတော့မဖြစ်စေချင်မိတာအမှန်တစ်ခုဝန်ခံရမယ်ဆိုရင်၊ရှောင်ကျန့်ဒီလိုလှိုက်လှိုက်
မောမောရယ်မိတာဒါပထမဆုံးဘဲ၊ဝမ်ရိပေါ်ဆိုတဲ့
ကလေးနဲ့မှရှောင်ကျန့်ကမလုပ်ဘူးတဲ့အလုပ်တွေ
ကိုလုပ်နေခဲ့တာ။ဝမ်ရိပေါ်ကတကယ့်ချစ်မွှေးလေး၊အရင်ဘ၀ကမျက်
နှာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေဆိုတဲ့
ဆုကိုတောင်းထားတယ်နဲ့တူပါတယ်။အသံဆိုမှဒီက
လေးကိုစိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့သွားပြရဦးမယ်၊
မင်းသာတီတီတာတာစကားလေးတွေများပြောတတ်
ရင်၊ငါ ရူးသွားမလားဘဲ။"ဒူ...ဒူ...ဒူ....!"
ရုတ်တရက်ဆိုသလို လာတဲ့ဖုန်းကြောင့် သူကလေးငယ်ကိုတစ်ချက်ကြည့်လိုက်ရင်း