Adopted by xiao4(zaw+uni)

2.9K 283 35
                                    

Zawgyi
"ဒေါက်တာရိပေါ်လေးကိုဂရုစိုက်ပေးပါ။"

ရှောင်ကျန့်သူတို့ဆီကသိလိုက်ရတာက၊ကလေးငယ်
နာမည်က၀မ်ရိပေါ်ဖြစ်ပြီး၊အမေဘက်ကမျိုးရိုးနာ
မည်ကိုယူသုံးထားပုံဘဲ၊ဖခင် ဖြစ်သူကအမေရိကန်
လူမျိုးဖြစ်ပြီး၊တရုတ်နိုင်ငံသားခံယူထားသူဖြစ်တယ်
မိဘနှစ်ပါးလုံးaccidentဖြစ်ပြီးသေဆုံးသွားကတည်းက၊ကလေးငယ်ကစိတ်ထိခိုက်ပြီးစကားမပြော
နိုင်တော့တာတဲ့။

"ဟုတ်ကဲ့ကျွန်တော်သေသေချာချာဂရုစိုက်ပါ့မယ်၊
ဟိုဒါနဲ့ နေအိမ်ကိုတော့သော့ခတ်ထားခဲ့လို့ရလား
ခင်ဗျ။"

"ရပါတယ်၊အန်ကယ်တို့အိမ်ကိုသေချာ ကြည့်ပေးထားမယ်၊ရိပေါ်လေးလည်းသတိရရင်
အလည်လာလည်လို့ရအောင်လို့ပေါ့"

ဒီအိမ်၊ဒီရပ်ကွက်ကိုကလေးငယ်ဘယ်တော့မှခြေမချ
စေရတော့ဘူးဆိုတဲ့စကားကိုတော့စိတ်ထဲတွင်ဘဲ
သိမ်းထားလိုက်သည်၊ငါကမင်းအတွက်ကမ္ဘာအသစ်
တစ်ခုကိုဖန်တီးပေးမှာ။

"ရှေ့နေဟန် မွေးစားစာချုပ်ကိုခင်ဗျားဘဲခဏယူထား
‌ဦး၊ကျွန်တော်တို့နောက်မှဒီကိ စ္စကိုဆွေးနွေးကြတာ
ပေါ့။"

"ဟိုအန်ကယ်တို့ရိပေါ်လေးကိုကျွန်တော်အခုဘဲခေါ်
သွားလိုက်တော့မယ်။"

ချက်ချင်းခေါ်သွားမယ်ဆိုလို့ အားလုံးက အံဩကြပေမယ့်၊ဒါထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး၊သူကလေးငယ်ကို ဒီနေရာမှာ တစ်စက္ကန့်လေးတောင်ရှိမနေစေချင်တော့ဘူး

"လာရိပေါ်ဦးတို့သွားကြမယ်။"

လက်ဖြူဖြူလေးကိုဆွဲလိုက်‌တော့တုန်သွားတဲ့ခန္တာကိုယ်သေးသေးလေးကြောင့်တစ်ချက်ပြုံးမိသည်။
ခုဏကအခြေအနေလိုတော့ရုန်းရင်းဆန်ခတ်မပြု၊
တစ်ချက်ရိုက်လိုက်တာအပိုးကျိုးသွားတယ်နဲ့တူတယ်။

လမ်းထိပ်မှာရပ်ထားတဲ့ကားဆီကိုလမ်း‌လျောက်သွားဖို့ဆိုတာရှာင်ကျန့်အတွက်အဆင်ပြေ‌ပေမဲ့၊ကလေးငယ်အတွက်အဆင်မ‌ပြေမှာစိုးတော့‌ကြောင့်ချီသွားရန်ပင်ဆုံးဖြတ်လိုက်သည်။

ကလေးငယ်အားချိုင်းကနေမချီလျက်‌ခြေ‌ထောက်‌လေးများကိုမိမိခါးကိုခွ‌စေလိုက်သည်။
ရှောင်ကျန့်ကိုသူ့ရဲ့လက်ပုတိုလေးတွေနဲ့သိုင်းဖတ်ပြီး၊လည်ပင်းနားကိုခေါင်းလုံးလုံးလေးဖြင့်တိုးဝှေ့နေ‌တဲ့က‌လေးငယ်၊ဘာလဲမင်းကရှက်နေတာလား။

<Adopteđ by xiao>Wo Geschichten leben. Entdecke jetzt