<Adopted by xiao>13(zg+uni)

2.6K 213 36
                                    

Zawgyi

Unicode

"အင့်"

လက်နှစ်ဖက်ကိုဆန့်ကာ ခါးကိုမတ်မတ်ထားရင်း ငုတ်တုတ်ထထိုင်လိုက်ပြီးသည်နှင့်

ဘေးနားကနေရာလွတ်ကြောင့်မျက်ခုံးနှစ်ဖတ်ကိုကြုံ့
ထားလိုက်ပြီး၊နှုတ်ခမ်းကိုတစ်ထောင်လောက်ထော်
မိသည်။

"နေမကောင်းဘူးလေ၊အဲ့ဒါကိုအနားမှာမရှိပေးဘူး.."

တကယ်အံဩစရာကောင်းလိုက်တာ..!

စူပွပွပြောရင်းခန္ဓာကိုယ်၌လုံးထွေးနေတဲ့ဆောင်အနား
စကိုဆုတ်ချေနေလိုက်တယ်။

"ဟင်းးး.."

တံခါးဝကိုစိုက်ကြည့်နေလိုက်ရင်းနောက်ဆုံးလူအရိပ်
တ လေတောင်ဝင်လာခြင်းမရှိတော့မှနှာတချက်မှုတ်ကာပြန်အိပ်ရန်ပြင်လိုက်သည်၊ဂျစ်တစ်တစ်ဖြစ်နေတဲ့သူ့စိတ်အခြေအနေက ဘယ်နည်းနဲ့မှ အရင်လိုလူလိမ္မာလေးဖြစ်ဖို့လမ်းကြောင်းမမြင်

ကျောပြင်နှင့်အိပ်ယာခင်းထိရုံရှိသေး အောက်ထပ်က
အော်ဟစ်သံခပ်ဆူးဆူးက မိမိကိုစိုးရိမ်စေသည်
Daddyများတစ်ခုခု...
ကျိန်းသေပေါက်တော့လူနှစ်ယောက်အသံ၊Daddyနဲ့အခြားဘယ်သူဖြစ်မလဲ....

ခြေထောက်တွေကိုအားယူပြီးယိုင်နဲ့နဲ့ နဲ့ရိပေါ်က တံခါး
လေးကိုအသာလေးဟပြီးအပြင်ထွင်ခဲ့သည်။

လှေကားထိပ်နားမှာလူကယောက်ယက်ခက်
ရင်း လည်ဂြတ်သားကိုပွတ်သတ်ကာ အတွေးလေရပြန်သည်
စပ်စုတာကိုDaddyကမကြိုက်ဘူး၊ဒါပေမယ့် တစ်ခုခုဆိုရင်ကော Daddyကိုတစ်ယောက်ယောက်က အန္တာရယ်ပေးနေတယ်ဆိုရင်ကော

"ပြန်တော့လို့ပြောနေတယ်ရင်းချန်.."

"ဘာလဲမင်းကဘယ်သူ့ကိုဖွက်ထားလို့ငါ့ကိုအတင်းနှင်နေတာလဲ"

"ရင်းချန်..."

နှုတ်မှသံယောင်လိုက်သလိုခပ်ဖွဖွရွတ်ရင်း
ရိပေါ်ကလှေကားအ၀နားကနေသာခိုးနားထောင်နေ
လိုက်သည်၊ဧည့်သည်မလာဖူးတာကြောင့် ရိပေါ်ရဲ့
စပ်စုချင်စိတ်ကမထိန်းနိုင်ပေ

ခပ်ချောချောလူတစ်ယောက်က ရင်းချန်ဆိုတဲ့သူဖြစ်ပြီး၊ ဒေါသအရှိန်မသေသေးတဲ့ daddyရဲ့ မျက်နှာအမူအယာက တစ်ခုခုကိုမလိုလားသလိုမျိုး စိတ်တွေရှုပ်ထွေးနေတယ်

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 14, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

&lt;Adopteđ by xiao&gt;Donde viven las historias. Descúbrelo ahora