အခန်း - ၇၆

7.7K 873 24
                                    

Unicode

အခန်း(၇၆)သူက?....

"ဟုတ်ပါတယ်.... မင်း ကျွန်တော့်ကို မှတ်မိသေး တယ်လား?...''

ဖန်ယွမ်သည် သူငယ်ချင်းဟောင်းတစ်ယောက်လိုမျိုး ထိုင်ချလိုက်ပြီး ထုန်လင်ကို အကြည့်တစ်ချက်ပေးလာ၏။ သူက အန္တရာယ်မရှိသလို ရယ်လိုက်ပြီး

''ပြီးတော့ သူက..?..''

ထုန်လင်သည် အနည်းငယ်ဘဝင်မကျဖြစ်သွားပြီး ဖန်ယွမ်အတွက် ထိုင်ခုံတစ်နေရာစာ ချန်ထားရင်း ဘေး ဘက်ကို ရွှေ့ပေးလိုက်သည်။ ညင်သာတဲ့အပြုံးလေးနဲ့ သူက လက်ဦးမှုယူပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။

"ဟယ်လို မစ္စတာဖန်...ကျွန်တော်က ထုန်လင်ပါ..''

သူက မလိုမလားဖြစ်နေ၏။ ဒီလူမှာ ကလေးမျက်နှာ လေး ရှိနေတာတောင်မှပဲ သူ့လေသံက စဥ်းလဲဉာဏ်များ တဲ့လူအိုကြီးတစ်ယောက်လိုပဲ။ သူ့ရဲ့အဝတ်အစားနဲ့ ပြော ဆိုပြုမူပုံတွေကို ကြည့်ရတာ သူ့မှာ မြင့်မားတဲ့အဆင့် အတန်းတစ်ခု ရှိကိုရှိလိမ့်မယ်။

ဘာကြောင့် တစ်စုံတစ်ယောက်က ကုကျင်ကို 'မရီး' လို့ ခေါ်ရတာကို သဘောကျနေရတာလဲ?...။

"ဟယ်လို....ငါက ဖန်ယွမ်ပါ.... ကုမရီးရဲ့ချစ်သူရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ..''

ဖန်ယွမ်သည် လက်ကို ​ရှေ့ဆန့်ထုတ်ပြီး နှစ်ယောက် သား ယဥ်ကျေးစွာပဲ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ထုန်လင်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ့ မျက်လုံးတွေက တုန်လှုပ်နေခြင်းမရှိဘဲ လက်ကို ပြန်ရုတ် လိုက်သည်။ သူက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...

''မင်းမှာ ချစ်သူရှိနေတာ ငါမထင်ထားမိဘူး.... ဘယ် လိုလုပ်ပြီး ဒီမတိုင်ခင်က မင်းထုတ်ပြောတာကို ငါတစ်ခါ မှ မကြားဖူးရတာလဲ?....''

သူသည် ကုကျင်နဲ့မျက်နှာချင်းဆိုင်လိုက်၏။ သူ့ရဲ့ အမူအရာကလည်း ပုံမှန်လိုပဲ ပြီးတော့ သူ့ရဲ့လေသံက လည်း ရာသီဥတုအပေါ် ထင်မြင်ချက်ပေးနေသလိုမျိုး သာမန်ကာလျှံကာပါပဲ။

"အာ....''

ကုကျင်ငဘ် ဖန်ယွမ်တစ်ယောက် လမ်းခုလတ်မှာ ပေါ်ထွက်လာခဲ့ပြီး သူမမှာ ချစ်သူတစ်ယောက်ရှိတယ် ဆိုတာကိုတောင်မှ ထုတ်ဖော်လာခဲ့လိမ့်မယ်လို့ မမျှော် လင့်ခဲ့မိဘူး။ ဘယ်လိုအတားအဆီးပါလိမ့်.....

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now