အခန်း - ၅၉

9.3K 1.1K 58
                                    

Unicode

အခန်း(၅၉) ဒရာမာထဲ ဝင်ရောက်ဆင်နွှဲခြင်း

မုမျင်ချန်က အဲ့အကြောင်းကို တွေးရင်းနဲ့ပင် စိတ် မသက်မသာဖြစ်လို့နေ၏။ သူ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပါ တယ်။ သူ့ရဲ့ကောင်မလေးက အရင်အတိတ်မှာ မထိုက် တန်တဲ့တစ်စုံတစ်ယောက်ကို ကြိုက်ခဲ့ဖူးတယ်ဆိုတာကို
သိလိုက်ရတဲ့အမျိုးသားတိုင်း စိတ်မချမ်းမသာတော့ ဖြစ်မိ မှာပဲလို့...။

ဒါပေမယ့်လည်း စုဆောင်းရရှိတဲ့သတင်းတွေက အမြဲ တမ်းတော့ တိကျသေချာမနေဘူးလေ။

ကုကျင်ကို သူ အချိန်အကြာကြီး သိကျွမ်းခဲ့တာ မဟုတ်ဘူး။ ပြီးတော့ သူ သူမနဲ့တူတူ ကုန်ဆုံးခဲ့တဲ့အချိန် က ၂၄နာရီထက်တောင် မပို။

အဲလို အချိန်ပမာဏအနည်းငယ်တိုတိုလေး အတွင်း မှာပင် သူသေချာသိနေတာကတော့ ကုကျင်က အခြား တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နေတဲ့အမျိုးသားကို အသာ ထားလို့ အဲလိုစိတ်ပိုင်းဆိုင်ရာချို့တဲ့မှုရှိနေတဲ့အမျိုးသမီး နဲ့တောင် လုံးဝသူငယ်ချင်းတွေ ဖြစ်မယ့်လူမျိုးမဟုတ်။

သူမက ဒီကမ္ဘာပေါ်က အရာရာတိုင်းကို ဝေဖန်ရေး သဘောနဲ့ကြည့်တဲ့ပုံပေါ်၏။ ပြီးတော့ သူမရဲ့ရသခံနိုင်စွမ်း နဲ့တည်ကြည်လေးနက်ခြင်းတို့က ကြောက်မက်ဖွယ်လယ် ဗယ်(လ်)မှာပင်။

ထိုချိန်မှာပင် လူအုပ်ထဲမှအချို့လူတွေက ဒီဘက်ခြမ်း ကို သတိပြုမိလာကြပြီး ချုန်ရှင်းကို လက်ညှိုးထိုးလာကြ သည်။ အဲ့ကောင်မလေးက အရှက်မရှိဘူး ဘာ..ဘူးနဲ့ သူတို့က စပြီး အတင်းပြောလာကြတော့သည်။

သူ့မိသားစုရဲ့ကျူတာက လူကြားထဲ ရိုင်းပြစွာလူမှား မပြောဆိုစေမိဖို့ ဘာလို့ မသင်ပေးထားခဲ့တာလဲ။

ဒီလိုစီးပွားရေးအသိုင်းအဝိုင်းက လူတွေသည် သတ် သတ်မှတ်မှတ် စည်းမျဥ်းကို လိုက်နာတယ်ဆိုပေမယ့် သူတို့မှာ မချိုးမဖောက်အပ် မပြောမဆိုအပ်တဲ့ အရာအချို့ ကိုလည်း မချိုး​ဖောက်မိဖို့ ဂရုစိုက်ရတယ်။သာမာန်လူတွေ အဖို့ကတော့ ပိုပြီးတော့တောင် ဂရုစိုက်ဖို့လိုအပ်တယ်။

သို့သော် ယခုချိန်မှာတော့ အဆင့်မြင့်လူမှုအဖွဲ့ အစည်းထဲမှာ အသိအမှတ်ပြုခံရသည့် မုမျင်ချန်က ချုန် ရှင်းရဲ့ ရိုင်းပြတဲ့အမူအရာတွေကို ထောက်ပြနေခဲ့ပြီ။ လူတိုင်းရဲ့မျက်လုံးထဲမှာတော့ သူမက သင့်တင့်လျောက် ပတ်စွာ သင်ကြားမခံရသည့်လူပင်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now