အခန်း - ၇

12.6K 1.5K 21
                                    

Unicode

အခန်း(၇)ကျင်းရော့

စားပွဲထိုးက အခန်းထဲသို့ သူတို့အတွဲကို လိုက်ပါပို့ ဆောင်ပေးချိန်မှာတော့ ကုကျင်သည် သူမရဲ့အခြေအနေ ကို ပြန်ဟန်နိုင်သွားပါသည်။

ဒါက ဝတ္ထုတစ်ခုထဲက စာလုံးရေအများကြီးပါတဲ့ အခန်းတစ်ခုသာမဟုတ်ဘဲတကယ့်ကမ္ဘာတစ်ခုဖြစ်ပေ၏။

စာအုပ်ထဲမှာ ဖော်ပြထားသည့် ဇာတ်ကောင်များ သည် ပြဿနာထုထည်ကြီး၏ တစ်စိတ်တစ်ပိုင်းသာဖြစ် ပေသည်။ လူတိုင်းကို အသေးစိတ်အနေနဲ့ ဘယ်လိုလုပ် ဖော်ပြနိုင်ပါ့မလဲ။

ဤဝတ္ထုထဲသို့ သူမ ဝိညာဥ်ကူးပြောင်းလာသည့် တစ်ချိန်လုံး ဒီလိုစိတ်ကူးယဥ်ဆန်ဆန်ကမ္ဘာကြီးထဲမှာ နေထိုင်ရခြင်းဆိုတဲ့ သူမရဲ့စိတ်ကသိကအောက်ဖြစ်မှုက သိသိသာသာ ကွယ်ပျောက်သွားခဲ့ပြီး သူမရဲ့စိတ်အခြေ အနေကလည်း ကောင်းမွန်လာခဲ့သည်။

ကုကျင်သည် '669'ဟုတပ်ထားသည့် သူမတို့ရဲ့အခန်း နံပါတ်ကို ကြည့်ပြီး ပျော်ရွှင်မြူးထူးစွာနဲ့ သူမပြောမိ၏။

" ဒါက ကံကောင်းစေတဲ့ နံပါတ်ပဲ."

သူမကို ပွေ့ဖက်ထားတဲ့ရှောက်ချောင်သည် အလိုလို သူမ ၏အပြောင်းအလဲကို ခံစားမိသည်။

သူ သူမကို အထူးတဆန်း လှည့်ကြည့်လိုက်သော အခါ သူမရဲ့အလှတရားကြောင့် ရုတ်တရက် အံသြသွား သည်။

သူ အရင်ကသတိမပြုမိခဲ့သော သိမ်မွေ့နက်နဲတဲ့ အရာတစ်ခုကိုပေါ့။

သူထိုအရာကို သေသေချာချာ မဖော်ပြနိုင်ပေ။ ဒါပေ မယ့် ဖုံးကွယ်ထားတဲ့ရှုခင်းတစ်ခုကို ထုတ်ဖော်ဖို့ အုပ်ဆိုင်း ပိတ်ဆို့နေသောမြူခိုးအလွှာကို ဖြည်းဖြည်းချင်း ဖယ်ရှား လိုက်သကဲ့သို့ ဖြစ်မည်။

ဒါပေမယ့် အခန်းထဲကို ရောက်သွားချိန်မှာတော့ ရှောက်ချောင်က ခပ်မြန်မြန်ဘဲ သူ့ရင်ထဲက သံသယတွေကို မြှုပ်နှံလိုက်တော့သည်။

သူတို့အတွဲ တံခါးကို ဖြတ်ဝင်လာ ပြီးလျှင်ပြီးချင်း ချုန်ရှင်း၏မကျေမနပ်သံကို ရှင်းရှင်းလင်းလင်း ကြား လိုက်ရသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now