အခန်း - ၆၅

8.8K 1K 20
                                    

Unicode

အခန်း(၆၅) သူမရဲ့ကိုယ်ပိုင်ဘဝ

ကုကျင် တခဏလောက်တော့ ငြိမ်ကျသွားသည်။ ချုန်ရှင်း အနိုင်ကျင့်ခံနေရတယ်ဆိုတာ သူ ဘာကိုဆိုလို တာလဲ။

သူမရဲ့သိမ်မွေ့သည့်အသွင်အပြင်က တဖြည်းဖြည်း လျော့ကျလွင့်ပါးသွား၏။ သူမ မေးကိုမြှင့်, မော်ချီပြီး ကျင်ဟောက်ကို ဝံ့ကြွားစွာ ကြည့်လိုက်သည်။

"အို...ဒါဆို ရှင်က ကျွန်မကို ဘယ်လိုလုပ်စေချင်တာ လဲ?... သူမရဲ့အမေလို ပြုမူပေးရမှာလား?... သူမအတွက် ရပ်တည်ပေးရမှာလား?... သူမဘယ်တော့မှ အလှောင် အပြောင်မခံရဖို့အတွက် စောင့်ကြည့်ကာကွယ်ပေးနေရ မှာလား?"

သူမက စက်ရုပ်တစ်ရုပ်မဟုတ်ပေ။ သူမမှာလည်း ကိုယ်ပိုင်ဘဝ ရှိသေးတယ်လေ။ အမျိုးသမီးဇာတ်လိုက်ရဲ့ သူငယ်ချင်းဖြစ်ရခြင်းက ဇာတ်လိုက်ရဲ့လိုအပ်ချက်အရာ ခပ်သိမ်းကို ဦးစားပေးဆောင်ရွက်ပေးဖို့ လိုအပ်သလား?

ဝတ္ထုထဲက ဗီလိန်ဇာတ်ကောင်မှာတောင်မှ သူ့မဆန္ဒ နဲ့သူမ, သူမသဘောနဲ့သူမ ရှိပြီး သူ့အတွက်သူကိုယ်တိုင် ဆုံးဖြတ်ချက်တွေကို ချနိုင်ကြ၏။ အမျိုးမျိုးသော မကောင်းမှုအပြစ်တွေကို ကျူးလွန်ပြီးတဲ့နောက် ထိုအမျိုး သမီးရဲ့အဆုံးသတ်က ဝမ်းနည်းစရာဖြစ်သော်လည်း အနည်းဆုံးတော့ သူမရွေးချယ်မှုအတိုင်း သူမ နေနိုင်ခဲ့ သေးသည်။

အဲဒါဆို အမျိုးသမီးဇာတ်လိုက်ရဲ့သူငယ်ချင်း၏ တည် ရှိမှု, ဖြစ်တည်မှုအတွက်ကျတော့ရော...။

အမျိုးသမီးဇာတ်လိုက် အန္တာရာယ်ကျရောက်တဲ့အခါ သူမက ရှေ့ထွက်ပြီး စွန့်စားပေးရလိမ့်မယ်။ ဇာတ်လိုက် အန္တာရာယ်ကျရောက်စဥ်မှာလည်း သူမ သူမရဲ့-င်ကို သုတ် ပေးရလိမ့်မယ်ဖြစ်ပြီး သူမမှာ အဲလိုလုပ်ပေးရခြင်းရဲ့အထူး အခွင့်အရေးကြီးရှိတယ်ဆိုပြီး ကျေးဇူးတင်နေရလိမ့်ဦး မယ်။
{T/N:ဒီမှာက ဇာတ်လိုက်က ဒုက္ခရောက်။ အဲတော့ ဇာတ် လိုက်မက ငို။ အဲတော့ ကုကျင်က မျက်ရည်သုတ်ပေး ရ..အဲတာကို ပြောချင်တာပါ။ -င်(ဖင်) =မျက်နှာ }

ဒါပေမယ့်လည်း မူလကုကျင်က ချုန်ရှင်းအတွက်
အဲလိုအရာတွေကို လုပ်ပေးခဲ့ရပေမယ့်လို့ သူမမှာ ဝမ်းနည်းစရာကောင်းတဲ့အဆုံးသတ်တစ်ခုကိုပဲ အကျိုး ခံစားလိုက်ရ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora