အခန်း - ၃၇

10.3K 1.2K 15
                                    

Unicode

အခန်း(၃၇)ကျင်ပါတီဖိတ်ကြားခြင်း

လက်ရှိကုကျင် ဖြတ်သန်းဝင်ရောက်လာတဲ့အချိန်မှာ တော့ သူမက ပါဝင်ပစ္စည်းအချို့ကို ဝယ်ယူခဲ့ပြီးတော့ ဂျုံယာဂုအချို့ကို တစ်ခါတစ်ရံ ချက်ပြုတ်ခဲ့သည်။

"အံ့သြစရာပဲ....''

သူမရဲ့မျက်ဝန်းထဲ တောက်ပတဲ့အကြည့်တစ်ချက်နဲ့ အတူ ချုန်ရှင်းက ပြော၏။ သူမဘာသာသူမ ရယ်နေရင်း...

''အရင်တစ်ခေါက်တုန်းက ကျင်ဟောက်အတွက် ငါ ဟင်းလျာအချို့ကို ချက်ပေးချင်ခဲ့တာ.... ပြီးတော့ ငါ မီးဖို ခန်းကို မီးရှို့လုနီးပါးပဲ....''

သူမရဲ့အမြင်အရဆိုရင် ကိုယ်ချစ်တဲ့သူတစ်ယောက် အတွက် ချက်ပြုတ်ပေးခြင်းဟာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ။

ဒါက ဂျုံယာဂုလေးပဲလေ....မဟုတ်ဘူးလား?...

ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သလိုမျိုး သူမရဲ့ ဟင်းလျာကို ချုန်ရှင်းကြည့်နေခဲ့တယ်ဆိုတဲ့ အချက်က ကုကျင်ကို သူမကိုယ်သူမ Michelinစာဖိုမှူးတစ်ယောက် လိုမျိုးအထင်မှားစေလုနီးပါးပါပဲ။
{T/N:Michelinက အရမ်းတော်တဲ့စာဖိုမှူးတွေကို ဆိုလို တာပါ.... starအဆင့်ဆင့်သတ်မှတ်ထားပါတယ်...ဥပမာ ကြယ်ငါးလုံးဟိုတယ်မှာ ကြယ်ငါးပွင့်စာဖိုမှူး ရှိတယ် ပေါ့..👈}

ဖြစ်နိုင်တာက ကျင်ဟောက်သည် သူ့ရဲ့ချစ်သူကို ချက်ပြုတ်ရာမှာ အားတက်စေဖို့ ကြုံရာကျပန်းစကားလုံး တွေကို ပြောနေရုံမျှသာ။ ဘယ်လိုအခြေအနေမျိုးမှာမဆို အမျိုးသားဇာတ်လိုက်ဟာ နောက်ဆုံးတော့လည်း မည်း တူးနေတဲ့ အစားအစာကို မျိုချလိုက်ရတာပါပဲလေ။

ချုန်ရှင်းသည် သူမပစ္စည်းတွေကို ရှင်းလင်းရာမှာ အာရုံစိုက်လိုက်ပြီးနောက် အပြင်ထွက်ဖို့ ပြင်ဆင်တော့၏ ။ ထွက်မသွားခင်မှာ သူမခေါင်းကိုသူမ ပုတ်လိုက်ပြီး

''စကားမစပ်...ကုကျင်. ကျင်ဟောက်ရဲ့ညီမကျင်ရော့ က ပြန်လာခဲ့ပြီ.... နောက်သုံးရက်အကြာမှာ ကျင်မိသားစု က ပါတီတစ်ခုကျင်းပမှာ... အဲ့ဒါ နင်လာပြီး ငါတို့နဲ့ joinဖို့ မမေ့နဲ့နော်....''

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ