အခန်း - ၁၁၉

4.5K 439 10
                                    

Unicode

အခန်း(၁၁၉)နွေဉီး

{T/N: Mature Content Alert! Parental guidance advised}

မုမျင်ချန်သည် သူမကို ငုံကြည့်နေသည့်အတိုင်း အသံ လည်း မထွက်ပေ။ သူ၏ခြေထောက်တွေကို ခါတိုင်းနှင့် မတူစွာ စေ့ချိတ်ထားသည်ကို သူမသာ သတိမပြုမိခဲ့လျှင် လျို့ရှဟွေ့လို သစ္စာစောင့်သည့် တစ်စုံတစ်ယောက်၏ ပေါင်ပေါ်မှာ ထိုင်နေသည်ဟု ထင်မိမှာပင်။

(**T/N: လျို့ရှဟွေ့/ကျန်ဟော်- ပြောစမှတ်ပြု လောက်သော စင်ကြယ်သောအကျင့်သီလနှင့် အမျိုးသား တစ်ဉီးဖြစ်ပြီး ပြောခဲ့သည်က သူ၏ကိုယ်ကျင့်တရား အပေါ် မြူမှုန်တမျှယိုးစွပ်စရာမရှိစေဘဲ သူ၏ပေါင်ပေါ်မှာ အမျိုးသမီးလေးတစ်ဉီးကို ပွေ့ပိုက်ထားခဲ့သည့် အခြေ အနေတစ်ရပ်ရှိခဲ့သည်ဟုပင်)

ဟုတ်တာပေါ့။ အနှီမြင်ကွင်းက ကုကျင်၏မျက်ဝန်း များထဲမှ မလွတ်မြောက်နိုင်ခဲ့ချေ။ သူမ၏နှုတ်ခမ်းသားတို့ အား ခပ်ဖွဖွကိုက်၍ ခြေထောက်တို့ကို လှုပ်ရှားလိုက်ပြီး မျက်တောင်တို့က တဖျက်ဖျက် တုန်ယင်လျက် ထို နှုတ်ခမ်းပါးတစ်စုံအားနမ်းရှိုက်ခဲ့သည်။

သူမဘက်မှ စ၍အထိအတွေ့လုပ်လိုက်သည်နှင့် တစ် မဟုတ်ချင်းပင် ကြီးမားကျယ်ပြန့်လှသော လက်ဝါးပြင် ကြီးတစ်ခုက သူမ၏လည်ပင်းကို နောက်သို့ ရောက်လာ သည်။

Dryerသည်လည်း 'ဒုတ်'ဆိုသော ငြီးငွေ့ဖွယ်အသံနှင့် အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။

မုမျင်ချန်သည် သူမရဲ့ခါးကို ပွေ့ပိုက်ထားရင်းဖြင့် သူ၏ပူလောင်ပြင်းပြသော နှုတ်ခမ်းတစ်စုံက မက်မော တောင့်တအငမ်းမရ ဖြစ်ခဲ့ရသော အဖြူရောင်ပုလဲလုံး ပုတီးစေ့လေးများကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေတော့ သည်။ သူ၏ရှုပ်ထွေးသိမ်မွေ့သော ကိုင်တွယ်ရန် မလွယ် ကူလှသည့်လျှာက အပေါ်သို့တက်လာခဲ့၍ သူမ၏သွား များကို ကလော်ယူနေပြီး ပိုမိုနက်ရှိုင်းအောင် ရစ်ပတ်လို့ နေသည်။

တံတွေးများကို ဖလှယ်နေကြရင်း ဝိုင်နံ့သင်းပျပျလေး က ရောထွေးယှက်တင်နေခဲ့သည်။ ကုကျင်ကို အသက် နှစ်ရှိုက်လောက် ရှူစေပြီးနောက် သူတို့၏ရမ္မက်ပြင်းထန် လှသည့်အနမ်းကို ပြန်စ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ