Unicode
အခန်း(၁၃၇)ပွဲကြီးပွဲကောင်း-၁
မုမျင်ချန်၏မျက်ဝန်းနက်တွေထဲမှာ သဘောမတူမှု များကို မြင်လိုက်ရတော့ ကုကျင် မျက်စိမှေးကြည့်ကာ စကားမပြောချင်တော့ပေ။ အပြောင်းအလဲက နေ့ချင်းည ချင်း ဖြစ်ပေါ်မလာနိုင်သလို သူမမှာလည်း စနစ်တကျ လေ့ကျင့်ပေးဖို့ လုံလောက်သော စိတ်ရှည်မှုရှိပါသည်။
*** *** ***
အဆင့်မြင့်လက်ဝတ်ရတနာဆိုင် များစွာကို လိုက် ကြည့်ခဲ့ပြီးနောက် ကုကျင်နှင့် မုမျင်ချန်တို့ လက်ဗလာနှင့် သာ ပြန်ခဲ့ကြရပြီး သူတို့အတွက် စိတ်ထဲ တွေ့စေနိုင် လောက်သည့်လက်စွပ်မျိုး ရှာမတွေ့ခဲ့။
မည်သို့ပင်ဖြစ်စေ ကနဉီး မုမျင်ချန် ပစ္စည်းအပ်ဖို့ရည် ရွယ်ခဲ့သည့်ဒီဇိုင်းနာက ရွှီကျယ်စတူဒီယို၏အဖွဲ့အောက် မှာ အလုပ်လုပ်နေသူဖြစ်သည်။ ရွှီကျယ်လက်ဝတ်ရတနာ စတူဒီယိုဟာ ကမ္ဘာနှင့်ချီသတင်းကြီးသော ဂုဏ်သတင်းရှိ ထားပြီး အရည်အချင်းပြည့်ဝသော ဒီဇိုင်းနာများကိုသာ ငှားရမ်းသည်။ သူတို့က ပိုင်ရှင်၏သားဖြစ်သူ မုမျင်ချန်ဆီမှ ကမ်းလှမ်းလာသော ဒီဇိုင်းများအပေါ် အထူးဂရုစိုက်၍ အလွန်အားထုတ်ကြိုးပမ်းခဲ့ကြသည်။
ဆိုင်မန်နေဂျာမှ နောက်ဒီဇိုင်းတစ်ခုကို အကြံပြုလာ သောကြောင့် အပြီးသတ်ဒီဇိုင်းကို တစ်ကြိမ်ထပ်ကြည့် လိုက်ပြီးနောက် ကုကျင်သည် မုမျင်ချန်၏လက်ကိုဆွဲကာ ဆိုင်အပြင်သို့ ဆွဲခေါ်လာခဲ့လေသည်။
"သိပ်သဘောမကျဘူးလား.. ကိုယ်သူတို့ကို နောက် ထပ်တစ်စုံ ဒီဇိုင်းဆွဲပေးဖို့ ပြောလိုက်မယ်လေ"
မုမျင်ချန်သည် ကားထားရာ မော်လ်၏ကားပါကင် နေရာကို ပြန်လာနေရင်း သူမ၏ပခုံးကို ဖက်ထားကာ စကာားဆိုနေသည်။ သူမ ထိုင်ခုံခါးပတ် ပတ်ပြီးသည်ကို စောင့်ပြီးမှ
"အခု တစ်နေရာရာမှာ ညစာသွားစားရအောင်.. စိတ် ထဲ သွားချင်နေတဲ့နေရာမျိုးရှိလား?"
"အပူမီးငြိမ်းပြီး အဆိပ်အတောက်ပြေစေတဲ့ဟာမျိုး စားချင်တာ"
ထိုင်ခုံခါးပတ်ကို ဆွဲဆန့်လိုက်စဉ် မုမျင်ချန်၏လောင် ကျွမ်းနေသော မျက်ဝန်းများက သူမရင်ဘတ်ပေါ် ကျ ရောက်လာသည်ဟု ခံစားလိုက်ရ၏။ အနှစ်ချုပ်အားဖြင့် တော့ ကုကျင်၏စကားလုံးများထဲတွင် သွယ်ဝိုက်ညွှန်းဆို မှုတွေ များစွာစိမ့်ဝင်နေခဲ့သည်။
VOCÊ ESTÁ LENDO
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...