အခန်း - ၁၃၆

3.6K 364 10
                                    

Unicode

အခန်း(၁၃၆) သင်ခန်းစာပေးခြင်း

မုမျင်ချန်၏အပြုအမုက ကုကျင်အား အတော်လေး မကျေမနပ်ဖြစ်စေသည်။ သူမရဲ့မိဘများကို စေ့စပ်ပွဲရက် အကြောင်းဖျောင်းဖျဖို့ရာ သူမနှင့်အရင်တိုင်ပင်ခြင်းမရှိ။

သူ့ဗီလာမှာအတူတူနေဖို့ သူ့ပြောချက်ကို အတိ အလင်းငြင်းပယ်ကာ သူမရဲ့မကျေနပ်မှုကို ဖော်ပြထား သည်။

"စေ့စပ်ရုံလေးတင်ပါပဲကွာ.. လက်ထပ်ဖို့ စောင့်ရမယ့် နှစ်တွေ ရှိပါသေးတယ်'

မုမျင်ချန်ဟာ အပြုံးလေးနှင့် အယူခံဝင်သည်။ သူ့ လက်တွေက စတီယာတိုင်မှာ တင်ထားရင်းဖြင့် မီးနီကို စောင့်ဆိုင်းနေခဲ့သည်။

"တကယ်လို့ မင်းသာ ကိုယ့်အိမ်ကို ဝင်ဖို့မစောင့်နိုင် တော့ဘူးဆိုရင်တော့ သေချာပေါက် ကိုယ်က မင်းရဲ့ နာမည်ကို ကိုယ်ရဲ့နာမည်နဲ့တူတူ ကိုယ်တို့ရဲ့အိမ်ထောင်စု စာရင်းမှာ သွင်းပေးမှာ"

ကုကျင်က ခရီးသည်တင်ထိုင်ခုံကနေ အေးစက်စက် ရယ်၏။

ခုလောလောဆယ် စေ့စပ်လက်စွပ် သွားရွေးဖို့လုပ် နေကြခြင်းဖြစ်သည်။ မုမျင်ချန်၏မူလအိုင်ဒီယာ အရက တော့ ဒီဇိုင်းနာဆီမှာ လက်စွပ်ဒီဇိုင်း နည်းနည်းလောက် အပ်လိုက်ပြီး ရွေးဖို့အတွက်ကတော့ ကုကျင်ဆီ တိုက်ရိုက် ပို့ခိုင်းစေဖို့ပင်။

သို့သော် လက်ထောက်ဖန်က ထိုစုံတွဲဆီ ဒီဇိုင်းများ ပို့ပေးရင်းဖြင့် သူ့ကောင်မလေးနှင့် လက်စွပ်သွားဝယ် တုန်းက အမှတ်တရများကို မတော်တဆ ပြောမိသွား သည်။ ထိုအခါသည် မုမျင်ချန်က သူနှင့်ကုကျင်တွင် ဘယ်တုန်းကမှ တရားဝင်ဒိတ်မျိုး မလုပ်ဖူးသေးဘူးဆို တာကို ရုတ်ခြည်းတွေးမိသွားခဲ့သည့်အချိန်လည်း ဖြစ်ပေ သည်။

သူ့အစီအစဉ်များအရ မုမျင်ချန်ဟာ နေ့လည်ခင်း အချိန်ဇယားကို ရှင်းထားဖို့၊ ကုကျင်၏ သူမရဲ့တိုက်ခန်း အသစ်မှသွားကြိုဖို့နှင့် လက်စွပ်ဆိုင်သွားဖို့အတွက် အချိန် ပို များစွာအလုပ်လုပ်ခဲ့ရသည်။

သူမအရွယ်မိန်းကလေးတွေက ပကာသန အတော် လေး မက်သည်ဟုကြားဖူးသည်။ သူ့ဆက်စပ်နိုင် သလောက် ပြောရရင်ဖြင့် ဂုဏ်သိက္ခာထိန်းသိမ်းဖို့တို့ အစရှိသဖြင့်ပေါ့။ ထိုအပြောကြောင့်ပင် သူ၏ပုံမှန်စတိုင် နှင့်မကိုက်ညီစွာ သူကိုယ်တိုင် ကားမောင်းလာခဲ့ရသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ