Part - 26

3.8K 333 47
                                    

Unicode

ထိတ်လန့်စရာသတင်းကြောင့် ဆေးရုံကိုခဏချင်းပြန်ရောက်လာတဲ့ရှောင်းကျန့်ဟာ လက်ကောက်ဝတ်ကပတ်တီးနှင့် အိပ်ယာပေါ်မှာလွန်ခဲ့တဲ့နာရီအနည်းငယ်ကထက် ပိုပြီးဖျော့တော့နေတဲ့ပုံရိပ်လေးကြောင့် ရင်နာခြင်းများစွာနှင့်မျက်ရည်ကျသည်။

နှုတ်ခမ်းတွေဖြူဖျော့နေတာက သွေးများစွာဆုံးရှုံးထားခြင်းကြောင့်တဲ့။

ဘယ်လိုကြောင့်များ ဒီလိုမျိုးလုပ်ဖို့ရွေးချယ်ရတာလဲလို့ မေးဖို့ရာမလိုအောင် အဖြေအားလုံးကတိတိကျကျသိရပြီးသားပင်။

ချောင်ကျနေသောပါးလေးနှစ်ဖက်ကို အုပ်မိုးကိုင်ရင်း နဖူးချင်းထိကပ်ထားမိသည်။

"တော်သေးတာပေါ့..ဘာ..ဘာမှမဖြစ်လို့တော်သေးတာပေါ့ရိပေါ်ရယ်..ကိုကို့ကိုအပြစ်ပေးချင်တာလား..ဒါဆိုရင်တောင်ဒီလမ်းကိုတော့မရွေးပါနဲ့လားကလေးငယ်ရယ်.."

ရှောင်းကျန့်မျက်ရည်တွေက ရိပေါ်မျက်တောင်ဖျားပေါ်ကျဆင်းသွားသည်ကြောင့် အလန့်တကြားပြန်ခွာလိုက်သည်။

ကလေးငယ်ကိုသူမနှောင့်ယှက်ချင်....

သူ့ကြောင့်ပါဆိုပြီး ငိုရှိုက်နေတဲ့ဖန်ရှင်းကို နှစ်သိမ့်ပေးရင်း ဟောက်ရွမ်းကလည်းအံ့တင်းတင်းကြိတ်ကာ မျက်ရည်ကျသည်။

ဗိုက်ပေါ်တင်ထားသောပတ်တီးတွေနှင့် လက်ကောက်ဝတ်ကိုအသာဆုပ်ကိုင်ပြီး ရှောင်းကျန့်ကတောင်းပန်နေလည်း ကလေးငယ်ကလျစ်လျူရှုထားဆဲ။

ငိုနေတဲ့ရှောင်းကျန့်တို့ကို လျစ်လျူရှုပြီးကလေးငယ်က အိပ်မက်ထဲမှာပျော်ရွှင်နေပုံ။

ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းဖျော့ဖျော့လေးကို ကြည့်ပြီးရှောင်းကျန့်ကလိုက်ပြုံးမိသည်။

သူ့ကြောင့်နဲ့မပျော်ရွှင်ရတဲ့ကောင်လေးကို ဘယ်အရာကိုပျော်ရွှင်နေစေသလဲ။

ကလေးငယ်ပျော်နေမယ်ဆို အိပ်မက်ကမ္ဘာထဲကြိုက်သလောက်နေပါ။

ဒါမဲ့ပြန်တော့သတိရလာပေးပါ....

ဘယ်အချိန်ချိန်ဖြစ်ဖြစ် ကလေးငယ်နိုးလာမှာကို ကိုကိုတို့ကစောင့်မျှော်နေမှာမလို့။

Ending Of VillainWhere stories live. Discover now