Part - 5

2.5K 324 107
                                    

{Unicode}

"ရိပေါ်...ကောတို့ချစ်သူတွေဖြစ်နေပြီ..သူကကောချစ်သူ"

အဲ့မှာဝမ်ရိပေါ်ရဲ့ကမ္ဘာဟာပြိုတယ်....

ဝမ်ရိပေါ်ရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်၊ ပျော်ရွှင်မှုတွေအကုန်က ကိုကိုရဲ့အဲ့စကားမှာ စပျက်စီးတယ်။

ဝမ်ရိပေါ်တွေးထားတဲ့ ရိုးရှင်းတဲ့စိတ်ကူးလေးက မဖြစ်နိုင်ကြောင်း ဒီနည်းနဲ့သက်သေပြတယ်....

ကိုကိုကတော့ ရိပေါ်အနားမှာအမြဲရှိနေမှာဆိုတဲ့ ယုံကြည်ချက်လေးက ထိုစကားတစ်ခွန်းနဲ့ရိုက်ချိုးခံရတယ်။

ကိုကိုကတော့ အမြဲရိပေါ်အတွက်လို့ တစ်ဖက်သတ်ထင်နေမိတာဟာ မှားကြောင်း သူကကောချစ်သူဆိုတဲ့စကားကြားမှ သိလိုက်ရတယ်။

ရိပေါ်ကကိုကို့ကိုလိုအပ်ကြောင်း သိရက်သားနဲ့ ကိုကိုကရိပေါ်ကို ထားခဲ့ဖို့ကြိုးစားတယ်။

ရိပေါ်အနားကနေ ပျောက်ကွယ်သွားဖို့ အားထုတ်တယ်။

ရိပေါ်အရမ်းချစ်ရတဲ့ကိုကိုက ရိပေါ်အစားတစ်ခြားတစ်ယောက်ကို ရွေးချယ်တယ်....

ကိုကိုကရိပေါ်ကိုမချစ်ဘူး....

လက်မခံချင်ပင်မဲ့ အဲ့တာကအမှန်တရားတစ်ခုဖြစ်နေတယ်....

မနက်စောစော ရိပေါ်အတွက်တောင်မနက်စာမပြင်ပေးဘဲ အပြင်ကိုထွက်သွားတဲ့ကိုကိုက အလုပ်ကိစ္စရှိလို့ပါတဲ့....

နှစ်နာရီလောက်ကြာမှ ရိပေါ်ကိုဆိုင်တစ်ဆိုင်လာခဲ့ဖို့ချိန်းတယ်။

ရိပေါ်ထင်လိုက်သည်က ကိုကိုကရိပေါ်ကိုအချိန်ပေးပြီပေါ့....

ဒီရောက်မှ ရိပေါ်အတွေးတွေက တက်တက်စင်အောင်လွှဲတယ်။

ကိုကိုရိပေါ်ကိုအပြင်ခေါ်ထုတ်တာက ရိပေါ်နှလုံးသားကို ဟက်တက်ကွဲအောင်လုပ်ဆောင်ဖို့ဖြစ်ကြောင်း....

ရိပေါ်နှလုံးသားကို အရှင်လတ်လတ်ဆွဲထုတ်ဖို့ဖြစ်ကြောင်း....

ရိပေါ်နှလုံးသားကို သွေးစိမ်းရှင်ရှင်ထွက်အောင် လုပ်ဖို့ဖြစ်ကြောင်း....

ဒီကိုရောက်မှရိပေါ်သိရတယ်။

ကိုကိုက ရိပေါ်ကိုနားမလည်ပေးဘူး....

Ending Of VillainWhere stories live. Discover now