Part - 23

2.8K 297 60
                                    

Unicode

အိမ်နောက်ဘက်က ပန်းခြံအဖြစ်ပြုလုပ်ထားသောဖန်အိမ်လေးထဲ အလုပ်ရှုပ်နေသောရိပေါ်နား အသံမပေးဘဲကပ်သွားလိုက်သည်။

"ဘာလို့နှင်းဆီပန်းတွေစိုက်နေတာလဲ ရိပေါ်ရဲ့.."

"အ့ကိုကို!"

ငုတ်တုပ်ထိုင်ပြီးမြေကြီးတူးနေသောရိပေါ်ကို အနောက်ကနေရုတ်တရက်ကြီးဖက်လိုက်တာကြောင့် ရှေ့ကိုဟက်ထိုးလဲကျမလိုဖြစ်သွားရသည်။

"လဲတော့မှာပဲကိုကိုရာ.."

"လဲပါဘူး..ကိုကိုရှိနေတာကို"

"ဖယ်အုံး..ကျွန်တော်မပြီးသေးဘူးလေ"

"မဖယ်ဘူး..ဖက်ထားမှာ အဲ့အတိုင်းစိုက်"

"ကိုကိုကွာ"

"ချစ်တယ်မလားဟင်..ချစ်ရင်ဒီအတိုင်းစိုက်"

"တကယ်ပဲ ဒီကိုကိုကလူဆိုး ရိပေါ်ကိုလာအနိုင်ကျင့်နေတာ"

"ဟီးချစ်လို့ပါ.."

ရှောင်းကျန့်ရဲ့လက်တွေကို ရိပေါ်လည်ပင်းပေါ်သိုင်းဖက်ပြီး အနောက်ကနေမြင်နေရတဲ့ နားရွက်ရဲရဲလေးကို ကလိနေမိသည်။

"အေးနေတယ်လေ မြန်မြန်လုပ်ရိပေါ်...နားရွက်တွေတောင်ရဲနေပြီ"

"ပြီးတော့မှာ ဒါနောက်ဆုံးအပင်"

"Omm..ဘာလို့နှင်းဆီတွေစိုက်တာလဲလို့ ပြွတ်စ်"

ဂုတ်ပိုးပေါ်ကမှဲ့လေးတွေပေါ် အနမ်းခြွေမိတော့ ရိပေါ်ကလက်နောက်ပြန်နဲ့ ရှောင်းကျန့်နားရွက်ကိုဆွဲလေသည်။

"ငြိမ်ငြိမ်နေကိုကို!ဒီတိုင်းပဲကျွန်တော်ကြိုက်လို့ ကိုကိုကမကြိုက်ဘူးလား"

"ဟင့်အင်း..ရိပေါ်ကြိုက်တဲ့အရာတိုင်းကို ကိုကိုကြိုက်တယ် အဲ့လိုပဲရိပေါ်မကြိုက်တဲ့အရာတွေကို ကိုကိုမကြိုက်ဘူး"

"Umm...ပြီးပြီ"

"ဒါဆိုအထဲသွားမယ်..လက်တွေဆေးဖို့ကိုကိုရေနွေးစပ်ပေးမယ်..ထ"

"ရိပေါ်ကိုချီသွားပေးလေ..အကြာကြီးထိုင်နေတာ ခြေထောက်ညောင်းနေပြီ"

"ဟုတ်ပါပြီကွာ..."

အသာလေးပွေ့ချီလိုက်တော့ အလိုက်သင့်ပါလာတဲ့ကိုယ်လုံးလေးက ပေါ့ပါးသွားလိုက်တာ....

Ending Of Villainحيث تعيش القصص. اكتشف الآن