Part - 4

2.3K 290 72
                                    

{Unicode}

"ကိုကိုရေ...!"

ဟောက်ရွမ်းတို့နဲ့ရုပ်ရှင်သွားမကြည့်ခင် ရိပေါ်ရဲ့ထုံးစံအတိုင်း ကိုကို့တိုက်ခန်းကိုရောက်သွားသည်။

ကျောင်းပိတ်ရက်တိုင်း ရိပေါ်ကကိုကို့တိုက်ခန်းမှာသာ အချိန်ဖြုန်းနေတတ်ပြီး ကိုကိုကလည်းရိပေါ်လိုအပ်သမျှလိုက်လုပ်ပေးသည်။

ဒီနေ့လည်းကိုကို့ကို နေ့လည်စာချက်ကျွေးခိုင်းမယ်ဆိုပြီး ကျောင်းစာအုပ်နဲ့လိုအပ်တဲ့စာရွက်တွေယူကာ ထွက်လာခဲ့သည်။

"ရိပေါ်...."

ပစ္စည်းတွေကိုခုံပေါ်တင်နေတုန်း သန့်ပြန့်နေအောင်ပြင်ဆင်ထားလျက် အပြင်ထွက်လာသောကိုကိုကြောင့် ရိပေါ်လက်တွေကလေထဲမှာတန့်သွားရသည်။

"ကိုကိုသွားစရာရှိတာလား..."

"Omm...ငါဒီနေ့အလုပ်ကိစ္စချိန်းထားလို့"

"ကိုကိုကကြိုလည်းမပြောဘူး ကျွန်တော်ကဟင်းချက်ကျွေးခိုင်းမလို့ကို"

"Sorryပြောဖို့မေ့နေတာ ညနေကျမှမင်းစားချင်တာ ချက်ကျွေးမယ်လေ...နေ့လည်စာအတွက်တော့မချက်ပေးနိုင်လောက်ဘူး"

"ဘယ်ချိန်ပြန်လာမှာလဲကိုကို...."

"မသိသေးဘူး...အလုပ်ပြီးရင်ပေါ့"

"ဒါဆိုကျွန်တော်က နေ့လည်စာငတ်ပြီပေါ့..."

"ငါမရှိတာနဲ့ မင်းကဘာမှမလုပ်တတ်တော့ဘူးလား...မဟုတ်တာတွေ မပြောနဲ့...နေ့လည်စာသေချာစားနော် ငါသွားတော့မယ် မင်းပြန်ရင်တိုက်ခန်းကို သေချာပိတ်ခဲ့"

"ကိုကို..!"

"သွားတော့မယ်ကွ အချိန်နီးနေပြီ"

"အလုပ်ကိစ္စဆို ဘာလို့အဲ့လောက်တောင် ပြင်ထားရတာလဲ ဘယ်သူနဲ့တွေ့မှာမလို့လဲ"

"ရိပေါ်...မရစ်နဲ့လေ Projectအသစ်အတွက် တစ်ဖက်ကကုမ္ပဏီရဲ့ တာဝန်ရှိသူနဲ့ချိန်းထားတာ...အဲ့တာကိုငါက ဗရုတ်သုတ်ခဘာမှမပြင်ဘဲ သွားတွေ့ရမှာလား"

"ဘာလို့သူနဲ့ ရုံးဖွင့်ရက်တွေမှာမတွေ့တာလဲ"

"သူမအားလို့လေ သူအားတဲ့အချိန်တွေ့ရတာပေါ့...ပြီးပြီလား မင်းရစ်လို့ နောက်ကျနေပါပြီဆို"

Ending Of VillainWhere stories live. Discover now