Extra

4.9K 272 59
                                    

Unicode

"ဆရာ..."

အစည်းအဝေးခန်းကထွက်တာနဲ့ အနောက်ကနေခေါ်နေတဲ့ယွီပင်းကို တစ်ချက်လှည့်ကြည့်ပြီးရှေ့ဆက်လျှောက်လာလိုက်သည်။

"ဒါပြီးရင်ဘာကိစ္စမှထွေထွေထူးထူးမရှိတော့ဘူးမလား"

မျက်နှာတည်ကြီးနဲ့မေးတဲ့သူဌေးဖြစ်သူကြောင့် ယွီပင်းမှာတံတွေးတစ်ချက်မြိုချမိသည်။

အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာသည့်သူဌေးရဲ့ပုံရိပ်ကို မကြောက်ဘူးလို့ပြောရင်လိမ်ရာကျမှာပေါ့...

"မရှိတော့ဘူးဆရာ..."

"ဟုတ်ပြီ..ဒါဆိုခဏနေကျရင် ဒီနေ့အပြီးလုပ်ရမဲ့စာရင်းဖိုင်တွေလာပေး..ငါဒီနေ့စောပြန်မယ်..မင်းလည်းစောစောနားရင်နား ကျန်တဲ့သူတွေကော"

"ဟုတ်..လာပို့လိုက်ပါ့မယ်"

အခန်းထဲဆက်တိုက်လမ်းလျှောက်ဝင်သွားမှ စိတ်ကိုလျော့ချပြီးဖုန်းကိုကောက်ကိုင်လိုက်သည်။

"အသေးလေး..ဒီနေ့လည်းအရင်လိုပဲ အဆင်ပြေတယ်..မျက်နှာကြီးတည်နေတာကလွှဲရင်ပေါ့"

ဖန်ရှင်းဆီMessageပို့လိုက်ပြီး အရေးကြီးဖိုင်တွေယူကာအခန်းထဲသွားပို့လိုက်သည်။

ရှောင်းကျန့်လည်းဖိုင်တွေရတာနဲ့ ပစ္စည်းတွေသိမ်းပြီးအိမ်ကိုပြန်လာလိုက်သည်။

အိမ်ရှေ့ရောက်တာနဲ့ စာတိုက်ပုံးထဲရောက်နေတဲ့ ဘူးလေးကိုတွေ့လိုက်ရသည်။

ပို့သူနေရာမှာ အမည်မဲ့ဆိုတာလေးနေရာယူထားရင်း ရှောင်းကျန့်ဆီတစ်လတစ်ခါရောက်လာတတ်တဲ့ ဘူးလေးတွေ....

အခုချိန်ငါးဘူးတောင်ရှိရောပေါ့....

ထူးထူးခြားခြားဒီတစ်ခါဘူးအတွင်း၌ စာအိတ်လေးတစ်အိတ်ပါ ပါလာတာကြောင့် အရင်ဖွင့်ကြည့်မိသည်။

"ကိုကို" ဆိုတာလေးနှင့်အစချီထားသော စာမျက်နှာလေး....

နှလုံးခုန်တွေမြန်လာသည့်အပြင် ပျော်လွန်းသည်ကြောင့်မျက်ရည်ပါကျလာရသည့်အဖြစ်....

ကိုကို ဆိုတာလေးကိုအထပ်ထပ်ဖတ်နေရင်း စာရွက်လေးပေါ်မျက်ရည်တွေဆိုစေပြန်သည်။

Ending Of VillainWhere stories live. Discover now