Part - 2

3.7K 363 42
                                    

{Unicode}

ဝန်တမ်းအသစ်ခန့်ဖို့ Interviewစခါနီးမှာ ရိပေါ်ဆီကဖုန်းလာလို့ ကိုင်လိုက်တော့ "ကိုကို...ကျွန်တော်တိုက်ခန်းပြန်ပြီ" ဟူသောရှိုက်သံတစွန်းတစနှင့် အသံကြောင့် သတိလက်လွတ်ခုံကနေ မတ်တပ်ရပ်လိုက်မိသည်အထိပင်....

ဘာမှပြန်ပြောချိန်တောင်မရလိုက်ဘဲ ဖုန်းချသွားသောကြောင့် ကျောင်းမှာဘာဖြစ်လို့ ငိုပါငိုနေရတာလဲဟုတွေးပူကာ ရုံခန်းအပြင်ကိုပြေးထွက်လိုက်မိသည်။

"ယွီပင်း...Interviewကိုမင်းပဲကြည့်လုပ်လိုက်တော့ ငါပြန်တော့မယ် ရိပေါ်ဘာဖြစ်မှန်းမသိလို့"

"ဆရာ..ရှယ်ယာရှင်အစည်းအဝေးရှိသေးတယ်လေ"

"ငါနေမကောင်းလို့ မလာနိုင်ဘူးပြောလိုက်ကွာ...ငါပြန်မယ်"

"ဆရာ...ဆရာ...!!!"

ခေါ်သံတွေကိုလျစ်လျူရှုပြီး ဓာတ်လှေကားကနေတောင်မဟုတ်ဘဲ အရေးပေါ်လှေကားဘက်ကနေပြေးဆင်းမိသည်။

ရိပေါ်ကိုတကယ်စိတ်ပူပါသည်။ နဂိုကတည်းက စိတ်အားငယ်တတ်တဲ့ကလေးမလို့ ရှောင်းကျန့်မှာခင်မင်လာတဲ့တစ်လျှောက် မျက်နှာတစ်ချက်အညှိုးမခံဘဲ အလိုလိုက်ခဲ့တာ....

အခုလည်းဘာဖြစ်နေမှန်းမသိပင်မဲ့ ငိုနေတယ်ဆိုကတည်းက ဒီကလေးအရမ်းဝမ်းနည်းနေကြောင်း သိတာကြောင့် တစ်ယောက်တည်းမရှိစေချင်....

မဟုတ်ရင် ချောင်တစ်ချောင်မှာ တစ်ယောက်တည်းငိုနေလိမ့်မည်။

ကျောင်းပြန်တက်သည့်နေမှာမှ ဘာဖြစ်ရတာလဲ....

မနက်ကမနက်စာစားတော့တောင် ကျောင်းတက်ရမယ်ဆိုပြီးပျော်နေတဲ့ကောင်လေးက ဟောက်ရွမ်းတို့စောင့်နေမှာစိုးလို့ မနက်စာကိုတောင်အမြန်စားနေခဲ့တဲ့ကလေးက အခုဘာဖြစ်နေရတာလဲ....

ကားမောင်းနေရင်း ဖုန်းလာသောကြောင့် ယူကြည့်လိုက်တော့ ရိပေါ်သူငယ်ချင်းဖန်ရှင်းရဲ့ဖုန်းဖြစ်နေသောကြောင့် အကြောင်းရင်းသိရအောင်ကိုင်လိုက်သည်။

"Hello..."

"ကော...ရိပေါ်ကောဆီလာသေးလား"

"မလာဘူး သူငိုနေရင်းနဲ့တိုက်ခန်းပြန်ပြီလို့ ဖုန်းဆက်လို့ ကောတောင်အခုကားပေါ်မှာ....ကျောင်းမှာတစ်ခုခုဖြစ်တာလား"

Ending Of VillainWhere stories live. Discover now