Part - 3

2.6K 283 108
                                    

{Unicode}

"ရိပေါ်ကောင်းကောင်းသွား...ညနေကျလာမကြိုတော့ဘူးနော်"

"ဟုတ်ကိုကို...ကိုကိုလည်းသတိထားမောင်း"

"Ommပါ..သွားတော့ရန်ဖြစ်မနေနဲ့အုံးနော်"

"စိတ်ချပါဆို..."

ရိပေါ်ကိုမှာစရာရှိတာမှာပြီး ရှောင်းကျန့်ကျောင်းရှေ့ကနေကားကိုမောင်းထွက်လိုက်သည်။

မနေ့ကလည်း အလုပ်တွေဖြတ်ပြီး ရိပေါ်ဆီအမြန်ပြန်မိတာကြောင့် ဒီနေ့တော့ရှောင်းကျန့် အလုပ်တွေပုံနေတော့မည်။

ကုမ္ပဏီအောက်ကားရပ်ခဲ့လိုက်ပြီး ဝတ်စုံကိုသေချာပြန်ပြင်ကာ ရုံးခန်းဆီတက်ခဲ့လိုက်သည်။

ရှောင်းကျန့်အခန်းထဲဝင်လိုက်သည်နှင့် ယွီပင်းကစာရင်းဖိုင်တွေသယ်ကာ နောက်ကလိုက်ဝင်လာသည်။

"ယွီပင်း..အဲ့တာငါလုပ်စရာတွေလား"

"မနေ့ကလက်မှတ်ထိုးဖို့ကျန်တာတွေပါ"

"မနေ့ကကိစ္စကြီးကြီးမားမားရှိသေးလား"

"မရှိဘူးဆရာ...Interviewလည်းလုပ်ပြီးသွားပါပြီ ဒီမှာအချက်အလက်တွေပါ သင့်တော်တဲ့သူတွေကို ကျွန်တော်အကြမ်းဖျင်းရွေးထားပါတယ် ဆရာပြန်ရွေးဖို့ပဲလိုတော့တာပါ..."

"ဟုတ်ပြီ ဒီနေ့အတွက်ကော"

"နေ့လည်ကျ လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့ဖို့ရှိပါတယ် အဲ့တာအပြင်တော့ထွေထွေထူးထူးမရှိပါဘူး"

"ဟုတ်ပြီ ဒါတွေထားခဲ့လိုက် ငါလုပ်ထားလိုက်မယ် မင်းလည်းလုပ်စရာရှိတာလုပ်တော့"

"ဟုတ်ကဲ့ဆရာ...အာ ဒါနဲ့ဧည့်သည်ရောက်နေတယ်ဆရာ"

"ဘယ်သူလဲ"

"အရင်လကဆရာနဲ့ လက်တွဲဖို့လက်ခံလိုက်တဲ့ နိုင်ငံခြားCompanyက CEOပါ ဆွေးနွေးစရာရှိလို့တဲ့"

"အရင်လကဆိုတော့ J.Smith Companyလား"

"ဟုတ်ပါတယ်"

"Ommဝင်ခိုင်းလိုက်လေ...ပြီးရင်တစ်ခုခုဖျော်ခဲ့အုံး"

"ဟုတ်ဆရာ..."

ယွီပင်းထွက်သွားသည်နှင့် အပေါ်ကုတ်ချွတ်လိုက်ကာ ဆိုဖာပေါ်ပြောင်းထိုင်လိုက်သည်။

Ending Of Villainحيث تعيش القصص. اكتشف الآن