Part - 9

2.5K 282 40
                                    

{Unicode}

ဒီ​နေ့ကိုကိုနဲ့​တွေ့ရ​တော့မှာမလို့ ၀မ်​ရိ​ပေါ်စိတ်​လှုပ်​ရှားစွာအ​စောကြီးနိုး​နေ​လေသည်​။

ကိုကိုကသူ့ကိုမြင်​ရင်​ဘယ်​လိုတုံ့ပြန်​မလဲအရမ်းသိချင်​သည်​။

သူက​တော့ကိုကို့ကို​တွေ့တာ​နဲ့ အ​ပြေးဖက်​ပစ်​မည်​ဟု​တွေးထားသည်​။

သူကိုကို့ကိုသိပ်​လွမ်းသည်​....ကိုကို့ကိုအရမ်း​တွေ့ချင်​သည်​။

ဒီနှစ်​တွေထဲ သူက​ခြေယာ​ဖျောက်​နေခဲ့တာမလို့ ကိုကိုလည်းသူ့ကိုသတိရ​နေမည်​ဟုထင်​သည်​။

"ကိုကို​ရေ..မကြာခင်​တွေ့ကြတာ​ပေါ့~~"

အရင်​ကကိုကို​နေခဲ့တဲ့ ရိ​ပေါ်တိုက်​ခန်း​ရှေ့ကပိတ်ထား​သောအခန်း​လေးကိုကြည့်​ပြီး​ပျော်​ရွှင်​စွာ​ရေရွတ်​မိသည်​။

နီး​ရ​တော့မယ်​ကိုကို~~

.♡ ♡ ♡.

လက်​ထဲကဖိုင်​ကိုဆုပ်​ကိုင်​ထားရင်း ကား​ပေါ်က​တောင်​မဆင်းနိုင်​ဘဲ ရင်​ခုန်​နေမိသည်​။

9နာရီထိုးဖို့10မိနစ်​ဘဲလို​တော့တာ​တောင်​သူဒီက​နေမထမိ​သေး....

ရင်​ခုန်​လွန်းလို့ ဒူး​တွေ​တုန်​ပြီး​ခြေ​ထောက်​မ​ထောက်​နိုင်​လို့....

၀မ်​ရိ​ပေါ်​ရေ..မင်းဟာလည်းစာချုပ်​ချုပ်​ဖို့ရှိ​သေးတယ်​ကွ ဒီက​နေ​ရွှေ့​တော့....

ကိုကိုကအချိန်​မ​လေးစားရင်​ကြိုက်​တာမဟုတ်​ဘူး....

​အသက်​ပြင်းပြင်းတစ်​ချက်​ရှူလိုက်​ပြီး ရင်​ခုန်​နှုန်း​တွေကိုတစ်​ချက်​ထိန်းချုပ်​လိုက်​သည်​။

ပြီးမှကားထဲကထွက်​ကာ မ​ရောက်​ဖြစ်​တာကြာပြီ​ဖြစ်​သော ကိုကို့Companyထဲဝင်​ခဲ့လိုက်​သည်​။

အရင်​ကမကြာခဏလာ​နေကြမို့ သူ့ကိုရင်းနှီး​နေ​သောလူ​တွေက တအံ့တဩလိုက်​ကြည့်​နေကြသည်​။

ဟုတ်​တာ​ပေါ့...သုံးနှစ်​ကျော်​တောင်​သူ​ပျောက်​နေခဲ့သည်​ပဲ....

"ရိ​ပေါ်...မင်းရိ​ပေါ်မလား.."

"ယွီပင်း​ကော.."

Ending Of VillainWhere stories live. Discover now