Chapter 17 (ZawGyi)

5.7K 481 155
                                    

နောက်နေ့ မနက်မှာတော့ ရှောင်းကျန့်က အရင် နိုးနေခဲ့တယ်။ ဝမ်ရိပေါ်ဟာ သူ့ကို အနောက်ကနေ ဖက်ထားတုန်းပဲ။ တင်းတင်းကြပ်ကြပ်ကို ဖက်ထားတာဖြစ်လို့ အသက်ရှူသံ ခပ်ပြင်းပြင်းကိုတောင် ခံစားရမိနေတယ်။ ဝင်သက် ထွက်သက်တွေဟာ သူ့ ဂုတ်ပိုးပေါ်ကို ခပ်နွေးနွေးလေး ဖြာကျနေတယ်။

မနေ့ညက သူတို့နှစ်ယောက် ၃ နာရီကျော်မှ အိပ်ဖြစ်ခဲ့ကြတယ်။ နှစ်ယောက်သားဟာ ရေချိုးခန်းထဲမှာ နောက်တစ်ကြိမ်ဖြစ်ပြီးတာနဲ့ အတော်ကို မောပန်းသွားကြပြီဖြစ်တယ်။ ဆိုဖာပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်မှီရင်း ထိုင်နေဖြစ်ခဲ့ကြတယ်။ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ဖက်ထားရင်း သူ့လက်ချောင်းလေးတွေနဲ့ ရှောင်းကျန့်လက်မောင်းကို ဖွဖွလေး ပွတ်သပ်ပေးနေခဲ့တယ်။

ဒီလိုအချိန်ကြီးမှာ မြို့တော်ဟာ လုံးဝ တိတ်ဆိတ်နေပြီဖြစ်တယ်။

မှန်တံခါးအပြင်က ရှုခင်းကတော့ အရင်အတိုင်းပါပဲ။ ထိန်လင်းနေတဲ့မီးရောင်တွေရှိသလို ခပ်မှိန်မှိန်မီးရောင်တွေလည်း ရှိတယ်။ တိတ်ဆိတ်မှုကို ဘက်ညီအောင် ဖန်တီးပေးထားသလိုပါပဲ။

နှစ်ယောက်သား အဲ့အတိုင်း ဆိုဖာပေါ်မှာ အေးအေးဆေးဆေး ထိုင်နေဖြစ်ကြတယ်။ ခဏလောက်အကြာမှာ ဝမ်ရိပေါ်က အရင်ပြောလာတယ်။

“ဆေးလိပ်သောက်ချင်တယ်”

ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်တိုတွေကိုကြည့်ရင်း ပြောလိုက်တာဖြစ်တယ်။

“ငါရောပဲ”

သူ့ဘေးကလူဟာ လုံးဝပင်ပန်းနေတဲ့ပုံမျိုးနဲ့ သူ့ရင်ခွင်ထဲမှာ ပျော့ခွေပစ်မှီထားတယ်။ ခေါင်းကို သာသာစောင်းငဲ့လို့ နောက်ဆုံးစကားလုံးကို သံရှည်ဆွဲရင်း ပြောလိုက်တာဖြစ်တယ်။

“မီးခြစ်သွားဝယ်ဦးမယ်”

ဝမ်ရိပေါ်က ခဏလောက် စဉ်းစားလိုက်ပြီးတာနဲ့ လက်ကို ဖြေလျှော့ချလို့ ရုတ်တရက် ခါးဆန့်ထိုင်လိုက်ရင်း ပြောလိုက်တာဖြစ်တယ်။

ရှောင်းကျန့်က သူ့ကို တချက်ကြည့်လိုက်ပြီးနောက် လက်ကို လှမ်းဆွဲရင်း ပြောလိုက်တယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now