ကြားဖြတ် - “Los Angeles Time”
ဝမ်ရိပေါ်ဟာ LA ကို ကြိုက်တယ်လည်း မဟုတ်ဘူး။ မကြိုက်ဘူးလည်း မဟုတ်ဘူး။
အရိုးသားဆုံးပြောရရင် ဒီမြို့နှစ်မြို့နဲ့ ပတ်သက်လို့ ထူးပြီး ခံစားချက်ရှိနေတာမျိုး မဟုတ်ဘူး။ ဘယ်မြို့ကိုပဲ ရောက်နေနေ သူ့အတွက်ကတော့ အတူတူပဲဖြစ်တယ်။
New York မှာ ကျောင်းတက်ဖို့ကိစ္စဟာ သူ့အဖေ စီစဉ်ခဲ့တာဖြစ်တယ်။ သူ့အဒေါ်ဟာ အမေရိကားကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရွှေ့ပြောင်းလာပြီး အခြေချနေခဲ့တယ်။ အဲ့ဒီနောက် ဝမ်ရိပေါ်အမေကို ဖုန်းဆက်ပြီး ဝမ်ရိပေါ်ကို အမေရိကားကို ပို့ချင်လားဆိုပြီး လှမ်းမေးခဲ့တာဖြစ်တယ်။
အဲ့အချိန်တုန်းကတော့ သူ့အမေက သဘောမတူခဲ့ဘူး။ သူ့မှာ သူ့သားကို သိပ်ချစ်ရှာတာဆိုတော့ သူမဘေးကနေ ထွက်ခွါသွားမှာကို သိပ်ကြောက်ခဲ့တယ်။ သူမရဲ့ သားသာ နည်းနည်းလောက် အခက်အခဲတွေ ဖြစ်ခဲ့ရင် သူမ တကယ်ကို နာကျင်ရမှာဖြစ်တယ်။
ဒီကိစ္စကြောင့်ပဲ ဝမ်ရိပေါ်ရဲ့ မိဘနှစ်ပါး ရန်ဖြစ်ကြတာ ခဏခဏပဲ။ အဲ့အချိန်တုန်းက ဝမ်ရိပေါ်ဟာ အထက်တန်းတောင် မပြီးသေးတဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်တယ်။ အဆုံးမှာတော့ သူ့အဖေကိုယ်တိုင်က သူ့ကို ကျောင်းပြောင်းဖို့ ကိစ္စတွေနဲ့အတူ ဆရာတွေကို နှုတ်ဆက်ဖို့ ကျောင်းကို လိုက်လာခဲ့တော့တယ်။
ဝမ်ရိပေါ်ကို တခါမှ သဘောမကျခဲ့ဖူးတဲ့ အတန်းပိုင်ဆရာကဆို အဲ့နေ့က ပြုံးပြီး ပြောခဲ့တယ်။
“ကောင်းသားပဲ နိုင်ငံခြားမှာတောင် ကျောင်းသွားတက်ရမှာ ဘယ်လောက် ကောင်းထားလဲ”တဲ့...။
ဝမ်ရိပေါ်ရဲ့ သင်္ချာဆရာမကတော့ နည်းနည်း စိတ်မကောင်းဖြစ်ရှာတယ်။ သင်္ချာနဲ့ပတ်သက်ပြီး ဝမ်ရိပေါ်ရဲ့ အမှတ်တွေက တော်တော်ဆိုးဝါးပေမယ့် သူမဟာ ဒီကောင်လေးကို ဒီအတိုင်း သဘောကျတဲ့သူဖြစ်တယ်။
သင်္ချာဆရာမက ဝမ်ရိပေါ်ကို ပြောခဲ့တယ်။
“အဆင့်တွေက စာကြိုးစားမှုအတွက်တိုင်းတာပေးတဲ့ သတ်မှတ်ချက်သက်သက်ပဲ။ ဘဝကိုတိုင်းတာပေးတဲ့အရာတွေမဟုတ်ဘူး။ မင်းရဲ့အားသာချက်ကို စာမေးပွဲရလဒ်နဲ့ ကန့်သတ်မပစ်နဲ့”တဲ့...။
VOUS LISEZ
မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||